Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ကားနှင့်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မေလ ၂၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြား တွင် အကြမ်းဖက်စစ်ကား ၁ စီးနှင့် ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ဆေး ရေးဂိတ်မှ ချောင်းဦးမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် Jammer ကားတစ်စီးကို ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကိုင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်သား များ လိုက်ပါလာသည့် တွဲကား ၁၇ စီးပါ ယာဉ်တန်းအနက် ၅ စီးမြောက်ကားကို ချောင်းဦးမြို့နှင့် ငါး ယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းပွိုင့်အနီး ကင်းပတ်နေသော အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa အနေဖြင့် ခဲယမ်း၊ ကျည် ကအစ ပြန်လည်ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး မိဘပြည်သူများ အနေ ဖြင့် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူး မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နေပြည်တော်၊ တပ်ကုန်းမြို့ တဝိုက်တွင် ရေကြီးနေပြီး ပြည်သူများစွာကို ကယ်ထုတ်နေရ

နေပြည်တော်၊ တပ်ကုန်းမြို့ တဝိုက်တွင် ရေကြီးနေပြီး ပြည်သူများစွာကို ကယ်ထုတ်နေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ နေပြည်တော်၊ တပ်ကုန်မြို့အနီးတဝိုက်တွင် ရေကြီးနေပြီး ပြည်သူများစွာကို ကယ်ထုတ်နေရ ကြောင်း မိုးစေတနာ ပရဟိတအသင်းထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းမှစ၍ မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နဝင်း ချောင်း ရေလျှံကာ တပ်ကုန်းမြို့အပါအဝင် ချောင်းအနီးအနားပတ်ဝန်းကျင်ရှိ မကျည်းပင်...