Kawthaung News

Kawthaung News

ဘုတ်ပြင်းမြို့နယ် ခလရ ၅၆၀ ပိုင် မွေးမြူရေးခြံရှိ စစ်သားများကို ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

 

D Day News

မေလ ၂၁

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၀ ၏ မွေးမြူရေးခြံကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Kawthaung District UAV Force ထံမှ သိရ သည်။

 

ယမန်နေ့ မေလ ၂၀ ရက် ညနေပိုင်းက ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၀ တပ်ရင်းပိုင် မွေးမြူရေးခြံအတွင်းသို့ ဗိုလ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ဒရုန်းဖြင့် ဗုံးသီးသွားရောက်ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုပြီး သတင်းဖုံးဖိထားသဖြင့် အတိအကျစုံစမ်း၍ မရဖြစ်နေကြောင်း သိရသည်။

“စိုက်ပျိုးရေးနဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွားတွေ ထောက်ပို့ပေးတဲ့ တပ်လို့ပြောရမှာပေါ့၊ စစ်သားတွေ အ မြဲ ရှိတယ်။ ၃ ပွင့် ဗိုလ်တစ်ဦး လာတယ်ကြားလို့ ညနေခင်းမမှောင်ခင်လေးမှာ သွားချခဲ့တာ။ ထိခိုက် သေဆုံးမှုကတော့ ရှိနိုင်တယ်။ သတင်းက အတော်လေးဖုံးထားတော့ အတည်ပြုလို့မရ သေးဘူး။ တစ်ကြိမ်ပဲချခဲ့နိုင်တယ်။ ရာသီဥတုကြောင့် ပြန်ဆုတ်ခဲ့လိုက်ရတာ” ဟု Kawthaung District UAV Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းခရိုင်ဒရုန်းတပ်ဖွဲ့ DragonSquad -TNI Uav Force နှင့် ကော့ သောင်းခရိုင် အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီး

နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ...