Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာအတွင်း ရဲ ၁၀ ဦး  ပစ်ခတ်မှု ၈ ဦးသေဆုံးပြီး ၂ ဦး စိတ်ဖောက်ပြန် (ရုပ်သံ)

 

D Day NewS

မေလ ၂၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်တိုင်းခြံရွာတွင် ကင်းပုန်းဝပ်ရန်ထွက်လာသော ရဲ ၁၀ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး ၂ ဦးစိတ်ဖောက်ပြန်သွားကြောင်း Southern YSO PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဧပြီလ ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်က ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ အနီးရှိ ဂိတ်စခန်းအတွင်းမှ ရဲ ၈ ဦးသည် ကင်းပုန်းဝပ်ရန် ပန်းတိုင်းခြုံကျေးရွာအတွင်းသို့ ဝင်ရောက် လာခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် တစ် ဦးအပါအဝင် ၆ ဦးကို ကား လမ်းမပေါ်၌ အသေပစ်သတ်နိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/jwtHqhMrQQQ

ထိုသို့ တိုက်ခိုက်မှုကြောင့် ကျန်ရဲ ၂ ဦးမှာ ထွက်ပြေးသွားပြီး ယင်းရဲ ၂ ဦးကိုလည်း အသေပစ်ခတ်နိုင် ခဲ့ကာ နောက်မှ ထပ်မံလိုက်ပါလာသည့် ရဲ ၂ ဦးကိုလည်း ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာများရရှိ ပြီး စစ်တပ်ဂိတ်စခန်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထိုသို့ ထွက်ပြေးလွတ်မြောက်သွား သည့် ရဲ ၂ ဦးမှာ စိတ်ဖောက်ပြန်သွားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများထံမှ  BA 64 .G4  သေနတ် ၁ လက်၊ BA 63 .G3  သေနတ် ၃ လက်၊ M16 A1 သေနတ် ၃ လက်၊ စုစုပေါင်း သေနတ် ၇ လက် သိမ်း ဆည်းရရှိခဲ့ပြီး လက်နက်ကောက်ယူစဉ် အကြမ်းဖက်စစ်တပ် ဂိတ်စခန်းရှိ မျှောစင်၊ ဘန်ကာများထဲမှ အကြမ်းဖက်စစ်သားများက ထပ်မံပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF တပ်ဖွဲ့မှ နတ်မိချောင်း စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး နတ်မိချောင်းစစ်ဆင်ရေး ၄ ခု အတွင်း အကြမ်းဖက်စစ်သား ၁၆ ဦး သေဆုံးကာ သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း၊ Southern YSO PDF မှ ပြုလုပ်လျက်ရှိသော နတ်မိချောင်း စစ်ဆင် ရေးကို မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီအားဖြည့်ပေးကြစေလိုကြောင်း မေတ္တာရပ်ခံထား သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...