Chin State News

Chin State News

တွန်းဇံမြို့ရဲစခန်းကို သိမ်းပိုက်ရရှိပြီး စစ်တပ်စခန်း၌လည်း အတွင်းပိုင်းအထိ ဝင်ရောက်နိုင်

 

  • ကျီးခါးမြို့ကို သိမ်းပိုက်ရရှိ

 

D Day News

မေလ ၁၉

 

ချင်းပြည်နယ်၊ တွန်းဇံမြို့ရဲစခန်းကို သိမ်းပိုက်ရရှိပြီး စစ်တပ်စခန်းအတွင်းကိုလည်း အတွင်းဝင် ရောက်ထိုးဖောက်နိုင်ပြီဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ထဲထွက်ပြေးကြောင်း သိရသည်။

 

ယနေ့ မေလ ၁၉ ရက် နံနက်ပိုင်းတွင် တွန်းဇံမြို့ပေါ်ရှိ ရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း တို့ကို ချင်းအမျိုးသားတပ်မတော် -CAN နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -CDF ပူးပေါင်းတပ်များက ထိုးဖောက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဖြစ်ကာ အကြမ်းဖက်စစ်သားများနှင့် ZAR တပ်ဖွဲ့ဝင် များမှာ မြို့တွင်သို့ ထွက်ပြေးသွားပြီး ပြည်သူလူထုနေအိမ်များကို အကာအကွယ်ယူကာ ခုခံနေသဖြင့် တိုက်ပွဲလက်ဆက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း အပြီးသတ်ရှင်း လင်းနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တွန်းဇံမြို့သိမ်းတိုက်ပွဲကို CNA ၊ CDF-Tonzang ၊ CDF-Thantlang ၊  PDA (Tedim) ၊ CDF CDM-Siyin ၊ CDF-Hualngoram ၊ YPDF (Yaw) ၊  CDF-Asho Chin ၊ CDF-Hakha ၊ CDF Zanniatram နှင့် CDF-Matupi အပါအ၀င် ချင်းပြည်ကောင်စီအဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၁၇ ရက်နေ့က တွန်းဇံမြို့နှင့် ၃ မိုင်ခန့်အကွာ၊ နက်ဇံရွာ မဏီပူရ်တံတားအနီးရှိ အကြမ်းဖက် စစ်ကောင်စီရဲစခန်းကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့‌ မေလ ၁၉ ရက်နေ့တွင် တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ခဲ့သိမ်းပိုက်လိုက်ပြီး အကြမ်းဖက်စစ်သားများ ဖရိုဖရဲဖြင့် ထွက်ပြေးသွား ကြောင်း၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၂၅ ရက် မွန်းတည့်...