Nahtogyi News

Nahtogyi News

နွားထိုးကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်

 

D Day News

မေလ ၁၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၈ ရက် နေ့က အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းထားသည့် အင်အား ၄၀ ခန့်ဖြင့် နွားထိုးကြီးမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အုတ်ရှစ်ကုန်းရွာဝင်လာချိန်မှာတော့ အင်အား ၄၀ လောက်ရှိပါတယ်။ အခုတော့ ထွက်သွားပြီ။ အုတ်ရှစ်ကုန်းကနေ တောင်သာနယ်ဘက် လှည်းကူးမရောက်သွားပြီ။ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ 27 Ervolution Force ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း နှင့် မလှိုင်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုသား ၃ ဦးဒဏ်ရာရ

ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုသား ၃ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ ကချင်ပြည်နယ်၊ ဖားကန့်အမြို့အဝင် ပန်းတင်တံတား၌ အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ် ခတ်သတ်ဖြတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်း ရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက် နံနက်...