Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ပန်းရံရွာ၌ စစ်သားနှင့် ပျူများအစည်းအဝေး ပြုလုပ်နေစဉ် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် အကြမ်းဖက် စစ်သားများနှင့် ပျူများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း X FORCE – LPDF – ShweBo အဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ပန်းရံကျေးရွာရှိ အကြမ်းဖက် စစ် သား များနှင့် ပျူစောထီးများ အစည်အဝေး ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ပေါင်းစုများက Fixed Wings (မောင်းသူမဲ့လေယာဉ်) ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လက်နက်ငယ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“စခ၊ ပခ ၂ ဦးသေတယ်၊ ၂ ဦး အပြင်းအထန်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ ၂ ဦးကို မန်းလေးကို ပို့ တယ်လို့ ကြားရတယ်ဗျ ထိခိုက် ပျက်စီးမှုတွေလည်း ရှိတယ်၊ ကျွန်တော်တို့ဘက်က fixed wing ၁ စီးဆုံးရှုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ ပစ္စည်းလေးတွေ ပြန်ဝယ်ဖို့ ရန်ပုံငွေ လိုအပ်နေပါတယ်” ဟု X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

https://youtu.be/qCLOfhSeNUo

အဆိုပါ တိုက်ခိုက်မှုကို X FORCE – LPDF – ShweBo (drone) တပ်ဖွဲ့၊ Shwebo Crocodile ရွှေဘို မြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Buffalo Soldier Freedom Force (drone) အဖွဲ့၊ ရှင်းရှင်း ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ သိခ်အားမာန်၊ ဗိုလ်လင်းရောင် (ဒပယ)၊ ဇာမဏီဒေါင်း (ဒပယ)နှင့် ရွှေဘို မြို့နယ် တန(၂) တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ စစ်ရေးရှိန် မြှင့်တင်နိုင်ရန် ပြည်တွင်း ပြည်ပ ထောက်ပို့များ အနေဖြင့် ဝိုင်းဝန်းကူညီ ပေးကြရန်မေတ္တာရပ်ခံကြောင်း X FORCE – LPDF – ShweBo အဖွဲ့က မေတ္တာရပ်ခံထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပေါင်းတည်မြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

ပေါင်းတည်မြို့နယ်၊ ဘော်ဒါကျေးရွာ စစ်တပ်အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦးအရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်အတူ စစ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ ကြောင်း ပေါင်း တည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -...