Ye U News

Ye U News

ရေဦးမြို့မရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

မေလ ၁၈

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ မေလ ၁၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ရေဦးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ ရွှေ ဘို ခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တပ်ဖွဲ့မှ Fixed-Wing Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ ရှိရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...