Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို ပေပါမိုင်း ဆွဲ တိုက်ခိုက်မှု ဗျူဟာမှူးအပါအဝင် ၆ ဦးသေဆုံး

 

D Day News

မေလ ၁၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ပေပါမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Bagan  Orge Force – ပုဂံပြည် ဘီလူးတပ်ထံမှ သိရသည်။

မေလ ၁၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာ ဘက် သို့ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်း ၃ နှင့် ပေပါမိုင်းအ သုံး ပြပြီး မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးခြေ ပြတ်၊ လက်ပြတ်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက ကိုင်းရွာမှာပဲဘက်မှာပဲရှိသေးတယ်။ ကိုင်းရွာ ဘက်က ကျနော်တို့ မဟာမိတ် တပ် ဖွဲ့တစ်ဖွဲ့ရဲစခန်းကိုလည်း မီးရှို့သွားတယ်။ သေသွားတဲ့ ဗျူဟာ မှူးက နာမည်အတိအကျ မသိရ သေးဘူး။ အခုက ဗျူဟာမှူးအသစ်ပြောင်းပြီး စစ်ကြောင်းဆက်တိုး နေတာပေါ့။ မိုင်းထိသေတဲ့ ဗျူဟာမှူးကျတော့ ဆီမီးခုံဆိပ်ကမ်းကို စစ်သင်္ဘောနဲ့ သယ်သွားတယ်။ ဆီမီးခုံကနေ မြင်းခြံပို့မယ် ထင်တယ်။ သူတို့ကုန်းလမ်းမသုံးရဲတော့ဘူး၊ ရေလမ်းကနေပဲ သယ်သွား ကြတာ။ လောလော ဆယ် က ကိုင်းရွာဘက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို MP9 PDF ၊ မိုင်းရာဇာ၊ တလုပ် PDF ၊ One PDF ၊ MGN 9 Star နှင့် ပုဂံပြည် ဘီလူးတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...