Monywa News

Monywa News

မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေ ဆုံး (ရုပ်သံ)

 

D Day News

မေလ ၁၇

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အစပ် မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ် ကောင်စီ၏ ကြေးနီတင်စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ ကြောင်း မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NRPF ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၃ မိနစ်အချိန်က မုံရွာမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများတင်ဆောင်ပြီး ထွက်လာသော ယာဉ်တန်းကို လိုက်ပါစောင့်ရှောက် သည့် အကြမ်းဖက်စစ်ကားနှင့် စစ်သားများအား မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၂ ဦးသေဆုံးပြီး ၁၀ ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/SdlJP8-umJk

“မုံရွာ နဲ့ချောင်းဦး အကူးမှာဖြစ်တာ။ သူ့တို့ဘက်ရော ကိုယ်တွေဘက်ကရော အပြန်အလှန် အကြိတ် အနယ် ချကြတာ။ မနေ့က အငိုက်မိပြီး အထိအတော်နာသွားတော့ ဒီနေ့လည်း မကျေပွဲ နွှဲမယ်ဆိုပြီး မနေ့ကဖြစ်တဲ့နေရာမှာ အင်အားများများနဲ့ လာပြီး စိန်ခေါ်နေတယ်။ အသံချဲ့စက်နဲ့” ဟု မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NRPF မှ တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NPRF ၊မုံရွာခရိုင်တပ်ရင်း ၁၁ ၊ စည်းလုံညီ ညွတ် သောပြည်သူ့တပ်မတော် U.P.A ၊ Golden Eagle Force Monywa ၊ Brother Revolution Force Monywa ၊ Black Hero Local စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မျာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“အဓိကပြောလိုတာကတော့ ပြည်သူတွေအပါအဝင် ရဲဘော်တွေအားလုံး လက်မလျှော့ ဖို့ပါပဲ။ သူတို့ရဲ့ စစ်ဌာနချုပ်နဲ့ အနီးဆုံးနေရာမှာတောင် ဒီလိုမရှုမလှသေနေကြတာ၊ ကျနော်တို့အားလုံးသာ တကယ် စည်းလုံးရင် ကြီးမားနဲ့ အင်အားနဲ့ ဖိအားပေးနိုင်တာမို့ စည်းလုံးဖို့နဲ့ လက်မလျှော့ဖို့ ပြောလို ပါတယ်” ဟု မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NRPF မှ တပ်ခွဲမှူး ကိုဝေလင်းက တိုက်တွန်းပြောဆို သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ...