Monywa News

Monywa News

မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

 

D Day News

မေလ ၁၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

မေလ ၁၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားရွာ ကြား၌ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်လာသော တွဲကား ၁၀ စီးပါယာဥ်တန်းအနက် ၃ စီးမြောက် လိုက်ပါလာသော ရိက္ခာတင်ကားကို ထန်းလုံးမိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး ၆ စီး မြောက်လိုက်ပါလာသော ရိက္ခာတင်ကားကို လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ကားပေါ် ပါအကြမ်းဖက်စစ်သားများမှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defence Force ၊ Myinmu Local Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram ၊ လျှပ်တ ပြတ်စွန်ညို နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက်၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လသော အကြမ်းဖက် စစ်ကောင် စီ၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့‌ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းမှ ပထမ အစီးနှင့် ဒုတိယအစီးကို မုံရွာမြို့အထွက် မုံရွာ-ချောင်းဦးလမ်းပိုင်း၌ Area71 PDF Monywa တပ်ဖွဲ့ဝင် ရဲဘော်များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိထိမိမိ ပေါက်ကွဲထိမှန်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးအကြမ်းဖက်စစ်သား ကင်းပုန်းများမှ လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်း‌နေဆဲဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးဖြင့် ထုတ်ပယ် ခံရသူ ညီညီ က နိုင်ငံတကာ နှင့် ပြည်တွင်းပြည်ပလှူဒါန်းပစ္စည်း၊ ငွေများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ်မှ ဗိုလ်မှူးအဆင့်ဖြင့် ထုတ် ပယ်ခံရသူ ညီညီက နိုင်ငံတကာနှင့်ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ငွေကြေး၊ ပစ္စည်းများကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်းTGI Support Revolution ထံမှ...