Mutraw News

Mutraw News

KNU တပ်မဟာ ၅ နယ်မြေတွင် မေလ လဝက်အတွင်းတိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပြီး စစ်သား ၁၇ ဦး သေဆုံး

 

D Day News

မေလ ၁၆

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေ၌ မေလ လဝက်အတွင်း တိုက်ပွဲပေါင်း ၃၆ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း Mutraw News က သတင်းထုတ်ပြန် သည်။

 

မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ အတွင်း၌ KNLA အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် မိစ္ဆာအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲ များနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသော်ငြား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်၊ ဒရုန်းလေယာဥ်နှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများ နေ့စဥ်လိုလို တမင် ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ့နေအိမ် ၁၅ လုံးနှင့် စပါးကျီတစ်လုံး ထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...