KIA News

KIA News

ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ဦးဆောင်ခဲ့သည့် စစ်ရေးကဏ္ဍကို ဆက်လက် ထိန်းသိမ်း မြှင့်တင်သွား မည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီးကို အဆောလျင်ဆုံး ပုံဖော် တည်ဆောက်နိုင်ရန်အစွမ်းကုန်ကြိုးစားသွားမည်ဟု NUG ကတိပြု

 

D Day News

မေလ ၁၄

 

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသမှူး KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင် လွမ်း ဦးဆောင်ခဲ့သည့် စစ်ရေးကဏ္ဍကို အကောင်းမွန်ဆုံးဖြစ်အောင် ဆက်လက် ထိန်းသိမ်းမြှင့်တင် သွားမည်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မျှော်ရည်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ကို အဆောလျင်ဆုံး ပုံဖော်တည်ဆောက် နိုင်ရန် အတွက်လည်း အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း NUG အစိုးရက သဝဏ်လွှာပေးပို့ကာ ကတိပြုထားသည်။

 

အမှတ် (၁) စစ်ဒေသကို မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ကာ စုဖွဲ့၊ ကွပ်ကဲခဲ့သော ဒုတိ ယ ဗိုလ်ချုပ်ကြီးသည် အမှတ် (၁) စစ်ဒေသနယ်မြေအတွက်သာမက တနိုင်ငံလုံး၏ ခုခံ တွန်းလှန် စစ် ကဏ္ဍအတွက် အထူးအရေးပါသည့် ဦးဆောင်မှုလည်း ပြုခဲ့သူဖြစ်ကြောင်း၊ ဤကဲ့သို့သော တပ် မှူး ကောင်းကြီးတစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းကို ဆုံးရှုံးရမှုသည် ကချင်အမျိုး သားထု အတွက်သာမက တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှါ မစွမ်းသာ သော ဆုံးရှုံးမှုကြီးဖြစ်ပြီး ကာယကံရှင် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းရပါကြောင်း NUG အစိုးရက ပေးပို့သည့် သဝဏ်လွှာတွင်ဖော်ပြထားသည်။

နှစ်ပေါင်း (၃၅) နှစ်ကျော် ဖြတ်သန်းခဲ့သည့် တော်လှန်ရေး အတွေ့အကြုံ ရင့်ကျက်ပြည့်ဝသော ဒုတိယဗိုလ်ချုပ်ကြီးသည် အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှု အတွက် ကြိုးပမ်းတိုက်ပွဲဝင်မှု တာဝန်အသီးသီးကို ကျေပွန်သည်ထက် များစွာပိုလွန်ကာ ထမ်း ဆောင်ခဲ့ပြီးလည်း ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

 

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရင်းနှီး ဆုံးသော မဟာ မိတ်အဖွဲ့အစည်းကြီးတစ်ဖွဲ့ဖြစ်သလို စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ယခု ပြည်သူ့ တော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နှင့် လူထုအတွက် အဖိုးမဖြတ်နိုင်သည့် တော်လှန်ရေး တာဝန် များကို ဦးဆောင်၊ သယ်ပိုး၊ ထမ်းရွက်ခဲ့သည့် တပ်မှူးကောင်းကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ်နှင့် အမှတ် ၁ စစ်ဒေသ၏ စစ်ဒေသမှူးဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း (Ruhkyau Hkawng Lum) သည် ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ ၆း၂၃ နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...