Ayardaw News

Ayardaw News

အရာတော်မြို့မရဲစခန်း၊ တကရ ၅၀၀၄ တပ်ရင်းနှင့် စခတ ၁၀ တပ်အတွင်း စစ်သင်တန်းမှ သေနတ် ပစ်လေ့ကျင့်နေသည့်နေရာကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၅ ဦးဒဏ်ရာရ (ရုပ်သံ)

 

D Day News

မေလ ၁၃

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့မရဲစခန်း၊ တကရ ၅၀၀၄ ၊ စခတ ၁၀ တပ်အတွင်း စစ်သင်တန်းမှ သေနတ်ပစ်လေ့ကျင့်နေသော စစ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း BGS Ayadaw Drone Force ထံမှ သိရသည်။

 

မေလ ၉ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က အရာတော်မြို့မ ရဲစခန်းအတွင်း၌ ရဲများ ထ မင်း စားနားနေချိန် ၁၂၀ မမ လက်လုပ် (စလစ်) ဗုံးသီး ၁ လုံးကို လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ခန့် တွင် အရာတော်မြို့ တကရ ၅၀၀၄ တပ်ရင်း အတွင်းရှိ အကြမ်းဖက်စစ်သားများ နေထိုင်ရာ လူပျို ဆောင် ပေါ်သို့ ‌လက်လုပ် ၁၂၀ မမ (စလစ်) ဗုံးသီး တစ်လုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ကျဲချတိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ရဲ ၃ ဦး ဒဏ် ရာရရှိခဲ့ပြီး တကရ ၅၀၀၄ တပ်ရင်း အတွင်း ဗုံးကျဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

https://youtu.be/56AKOqxH4so

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket တို့ ဦးဆောင်၍ အရာတော် မြို့နယ် ပကဖ၊ တိုက်နယ် (၄)၊ မုံရွာခရိုင်တပ်ရင်း ၁၉ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလားတူ အရာတော်မြို့ စခတ ၁၀ အတွင်း စစ်သင်တန်းပေးကာ သေနတ်ပစ် လေ့ကျင့်နေသော အကြမ်းဖက်စစ်သားများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း BGS Ayadaw Drone Force ထံမှ သိရသည်။

 

မေလ ၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က အရာတော်မြို့ စခတ ၁၀ စစ်အခြေခံပညာ သင် တန်းကျောင်း အတွင်း၌ သေနတ်ပစ် လေ့ကျင့်နေကြောင်း ကင်းထောက် ဒရုန်းမှ မြင်တွေ့နေရ သဖြင့် ၎င်းသင်တန်းကွင်းအပေါ်သို့ လက်လုပ် ၁၂၀ မမ(စလစ်) ဗုံးသီး ၂ လုံးကို ဒရုန်းဖြင့် ကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်တန်းသား၁၂ ဦး ဒဏ်ရ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခရိုင်ကွပ်ကဲရေးနှင့်မြို့နယ် ပကဖ ကွပ်ကဲ‌မှုများဖြင့် BGS Ayadaw Drone Force & Ayadaw Rocket ဦးဆောင်၍ အရာတော်မြို့နယ်၊တိုက်နယ် အမှတ်‌ ၄ ရဲဘော်များနှင့် မုံရွာ ခရိုင် တပ်ရင်း ၁၉ တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...