သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း Yenanthar Column ထံမှ သိရ သည်။
အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီခန့်က ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့ဘောလုံးကွင်းမှ အင် အား ၂၀၀ ခန့်ဖြင့် ထွက်လာသော ကပစ၂၁ ၊ ကပစ ၂၂ ၊ လကတ ၂၀၃၆ ၊ လစခ ၉ ၊ ခလရ ၁၃ ၊ တမခ ၈၈ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကား ၁၅ စီးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များက ဂွေးပင်ချောင်းကျေးရွာ အနီးအရောက် စတင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က ထိုးစစ်အရှိန်မြင့်ရာ ချင်တောင် ကျေးရွာ အနီး တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိပြီး စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စလင်းမြို့နယ် ၊ တညောင်တိုက်နယ် လျှပ်စစ်ခွဲရုံမှ လက်နက်ကြီးပစ်ကူပေးကာ ဆိပ်ဖြူ-စလင်း ကားလမ်းထိုးစစ်အရှိန်မြင့်ခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နောက် ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူ ခရိုင် အမှတ် ၁၉ တပ်ရင်းနှင့် အမှတ် ၄ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ဖော်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media