သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၆
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၃ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ မဇောကျေးရွာအတွင်းသို့ ဇဝဲအခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ၅၅၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုခဲ့ရာ ကလေး ၁ ဦးအပါဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ကလည်း ကေအဲန်ယူ-ကရင်အမျိုးသား အ စည်းအရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇရပ်ကြီး၌ တပ်စွဲ အခြေ စိုက်ထားသော စစ်ကော်မရှင်၏ ခမရ-၅၉၈ တပ်မှ အရပ်သားပြည်သူနေထိုင်သည့် ဝင်းကံကျေးရွာ ဘက် သို့ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၅၇ မိနစ်က ကေအဲန်ယူ- ကရင်အမျိုးသား အ စည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ရေလဲကျးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈၇ နှစ်အရွယ် အဘိုးတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာ ရရှိမှုများ။
Thanlwin Myanmar Media