အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မသန်စွမ်းသူများကို မီးရှို့သတ်ဖြတ် ခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မသန်စွမ်းသူများကို မီးရှို့သတ်ဖြတ် ခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၅

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မသန်စွမ်းသူများကို မီးရှို့သတ်ဖြတ်ခဲ့ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂထံ တင်ပြခဲ့သည်။

အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှု ရေးရာကော်မတီ (တတိယ ကော်မတီ) တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ (Rights of Persons with Disabilities) ခေါင်း စဉ်ဖြင့် အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင်မသန်စွမ်းသူ ၁၁၇ ဦး အသက်သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ သေဆုံးမှုအများစုမှာ စစ်အုပ်စုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှု များ၊ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် အရပ်သားပြည်သူများ နေထိုင်ရာဒေသများသို့ မဆင်မခြင် တိုက်ခိုက်ခဲ့ခြင်းများကြောင့်ဖြစ်ကြောင်း အသိပေးထားသည်။

အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ပြီး သွားလာလှုပ်ရှားမှု သို့မဟုတ် အာရုံ ခံ နိုင်စွမ်း အားနည်းချို့ယွင်းနေသည့် မသန်စွမ်းသူများအနေဖြင့် ထွက်ပြေး တိမ်းရှောင်ရန် ခက်ခဲ သောကြောင့် ၎င်းတို့က ပိုမိုထိရှလွယ်ပြီး သေဆုံးရသည်အထိ ဖြစ်လာခဲ့ကြောင်း၊ သေဆုံးခဲ့သည့် မသန်စွမ်းသူများအနက် ၂၆ ရာခိုင်နှုန်းခန့်မှာ စစ်အုပ်စုမှ ကျေးရွာများအား ဝင်ရောက် စီးနင်းတိုက် ခိုက်စဉ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်များတွင် အရှင်လတ်လတ် မီးရှို့ခံရ၍ သေဆုံးရခဲ့ ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့အတူ မဆင်မခြင်တိုက်ခိုက်မှုများတွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိသူများ သို့မဟုတ် ဉာဏပိုင်း ဆိုင်ရာ ချို့ယွင်းနေသည့် မသန်စွမ်းသူများ ရင်ဆိုင်ရသည့်အန္တရာယ်ကလည်း သိသိသာသာ မြင့်မား ကြောင်း၊ ၎င်းတို့အနေဖြင့် အန္တရာယ်ကို သာမန်အတိုင်းမတုံ့ပြန်နိုင်ခြင်း သို့မဟုတ် မသိရှိနိုင်ခြင်းတို့ ကြောင့် ဖြစ်စဉ်တွင် ကျန်ရစ်ခဲ့ကြပြီး ဖမ်းဆီးချုပ်နှောင်ခံ၊ ညှဉ်းပန်း၊ သတ်ဖြတ်ခံရခြင်း တို့ကို ရင် ဆိုင်ရလေ့ရှိကြောင်း ဆက်လက်ပြောကြားသည်။

ထို့အပြင် ပဋိပက္ခဒဏ်သင့်ဒေသများတွင် ဆာလောင်ငတ်မွတ်ခြင်းနှင့် ဆေးဝါးကုသမှု မရရှိခြင်း၊ အ ထူး သဖြင့် စစ်အုပ်စုမှ ဆေးဝါးများ ပို့ဆောင်မှုကို ပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်း အချို့သော မသန်စွမ်းသူများအနေဖြင့် အသက်သေဆုံးခဲ့ရကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅.၉ သန်းကျော် သို့မဟုတ် လူဦးရေ စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းမှာ မသန် စွမ်းသူများ ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုအနေဖြင့် ဆက်လက်ရှိနေမည်၊ ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန် နေ မည် ဆိုလျှင် မသန်စွမ်းသူဦးရေမှာ ဆက်လက်မြင့်တက်လာမည်ဖြစ်ပြီး စစ်အုပ်စုက မသန်စွမ်းသူများ၏ အခွင့်အရေးများအား ချိုးဖောက်ခြင်းကိုလည်း ဆက်လက်ခံစားနေရမည်ဖြစ်ကြောင်း ပြောဆိုထား သည်။

သို့ဖြစ်ပါ၍ စစ်အုပ်စု သက်ဆိုးရှည်စေမည့် အတုအယောင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြရမည်ဖြစ်ကြောင်း၊ အထူးအစီရင်ခံစာတင်သွင်းသူနှင့် နိုင်ငံတကာအသိုက်အဝန်းတို့ အနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မသန်းစွမ်းသူများ၏ အခွင့်အရေးအား မြှင့်တင် ကာကွယ်ပေးကြရန် တိုက်တွန်းတောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ စစ်အာဏာသိမ်းမှုကြောင့် ပညာရေး ကဏ္ဍပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူမှုရေး၊...