Dawei News

Dawei News

ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

မေလ ၁၃

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းနှင့် လောင်းလုံး ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၂ ရက် ည ၁၁ နာရီ ၃၇ မိနစ်အချိန်က ထားဝယ်မြို့တွင်း၌ ကင်းလှည့်နေသော အ ကြမ်းဖက်စစ်ကောင်စီ၏ ကား ၃ စီးကို ထားဝယ်မြို့၊ကမ်းနားလမ်း၊ သဲကွင်းအရှေ့တွင် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီး ထိထိမိမိ ထိမှန်ပြီး ကား ပေါ်ပါလာသော အကြမ်းဖက်စစ်သားများ သေဆုံးမှုအတူ အပြင်းအထန်ုဏ်ရာများရရှိသွား၍ လမ်း တလျှောက် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ကားကို အရှိန်မြင့်စွာ မောင်းနှင်ပြေးသွား ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး ကို ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီး ကိုဗစ်လူနာဆောင်၌ တင်ပို့ကုသလျက်ရှိပြီး ထိခိုက်သေဆုံးမှု အရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

“ထားဝယ်မြို့ ဆေးရုံကြီးမှာ ကုသနေတဲ့ ၃ ဦးသေပြီလို့ သတင်းရထားတယ်။ ဒါမေပယ့် အတိအကျ သိရဖို့ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေတယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းမှ သရက်ချောင်းမြို့နယ် ပကဖ ပြောက်ကျား တပ် စုနှင့် လောင်းလုံးမြို့နယ် ပကဖ ကင်းမြီးကောက်ပြောက်ကျားတပ်စုတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဒေါင်းညီနောင် စစ်ကြောင်းအနေဖြင့် ရှေ့ဆက်၍ ထားဝယ်မြို့အတွင်း ပြောက်ကျားတိုက်ခိုက်မှု ၊ ပြင်းအားမြင့်မိုင်းများဖြင့် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိဘပြည် သူများအနေဖြင့် စစ်ရေးသတိရှိရှိ သွားလာနေထိုပေးကြပါရန် အသိပေးထုတ်ပြန်ထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မျု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံး

ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မျု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံးစရစ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ညီညွတ်ရေး တပ်ဦး - PUF ထံမှ သိရသည်။ ယနေ့ ဩဂုတ် ၂၄ ရက်...