နတ်မောက်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ပြည် သူ ၁ ဦး ဒဏ်ရာရ

နတ်မောက်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ပြည် သူ ၁ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးကျေးရွာကို အကြမ်းဖက်စစ်တကာင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ၁ နာရီ ဝန်းကျင်ခန့်က နတ်မောက်မြို့နယ်၊ အရှေ့ခြမ်း ကံသာ တောင်ဘက် ကျောက်အိုးကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေတပ်မှ တက် လာသည့် စက် တပ်လေထီးပါရာ မိုတာဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဗုံးကျဲသွားတာက ကျောက်အိုးကျေးရွာပါ။ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာပြီး ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူတစ်ယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု နတ် မောက်မြို့နယ်ပကဖ မှ တာဝန်ရှိသူက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်လျက်ရှိသော မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြပါရန်‌ တော်လှန် ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ကလေးတစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု ကလေးတစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး၊ အဘိုးအိုတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ အောက်တိုဘာလ ၂၃ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊...