မော်လိုက် ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို ငွေကျပ် ၅ သိန်းမှ သိန်း ၂၀ ကြားလာဘ်ထိုးမှသာ အရေးပေါ် ဆေးကုသခွင့်ရ

မော်လိုက် ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို ငွေကျပ် ၅ သိန်းမှ သိန်း ၂၀ ကြားလာဘ်ထိုးမှသာ အရေးပေါ် ဆေးကုသခွင့်ရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များကို ငွေကျပ် ၅ သိန်းမှ သိန်း ၂၀ ကြားလာဘတ်ထိုးမှသာ အရေးပေါ် ဆေးကုသခွင့်ရရှိကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ယက် – PPNM ကထုတ်ပြန်သည်။

မော်လိုက် ကလေးအကျဥ်းဦးစီးဌာနမှ အကျဥ်းသားများ ကျန်းမာရေးစောင့်ရှောက်ကုသမှုတွင် ဆေး ဝါးလုံလောက်မှုမရှိသည့်အပြင် အရေးပေါ်လူနာများအား ပြင်ပဆေးကုသခွင့်ကို ထောင်ပိုင်ကြီးအပါ အဝင် အရာရှိတချို့ကို ၎င်းတို့‌တောင်းခံသည့် ငွေကြေးပမာဏ ပေးမှသာလျှင် ဆောင်ရွက်မှုများ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် ပေးဆောင်ရသည့်ပမာဏမှာ မြန်မာငွေ ၅ သိန်း ကျပ်မှ ကျပ်သိန်း ၂၀ ကြား ပေး‌ဆောင်နေရပြီး ရံဖန်ရံခါတွင် ထောင်အာဏာပိုင်များ၏ KTV ဖိုးကိုပင် ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့်ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

လာဘ်ငွေ မပေးနိုင်သဖြင့် ဆေးဝါးကုသခွင့်မရသောကြောင့် နိုင်ငံရေးအကျဉ်းသားအချို့မှာ အာရုံ ကြောဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် ခြေထောက်များ လှုပ်မရတော့ဘဲ မသန်စွမ်းဖြစ်‌‌သွား ရသည် အထိ အခြေအနေဆိုးဝါးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်သည့် အဖြစ်အပျက်များနှင့် အကျဉ်း ထောင်းတွင်း သတင်းများထွက်ပေါ်ခဲ့လျှင် ထောင်အာဏာပိုင်များမှ ပြည်ထဲရေးဝန်ကြီးဌာန အကျဥ်း ဦးစီးဌာနချုပ်သို့ တင်ပြရန် သရုပ်ပြဓာတ်ပုံရိုက်ခြင်း ၊ ကျန်းမာရေးဟောပြောပွဲသဏ္ဍာန်သရုပ်ပြ လုပ် ဆောင်၍ ဓာတ်ပုံရိုက်ခြင်းတို့ဖြင့် လိမ်လည်ကာ ဖြေရှင်းလေ့ရှိကြောင်း သိရသည်။

ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိခြင်းနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိခြင်းများသည် နိုင်ငံ ရေး အကျဉ်းသားများအပေါ် ဖိနှိပ်ခြင်းသာမက နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက သတ် မှတ်ထားသည့် “အကျဉ်းသားများကို ပြုမှုရာတွင် လူ့ဂုဏ်သိက္ခာနှင့် ကိုက်ညီရမည်” ဆိုသည့်အချက် ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကျူးလွန်‌နေခြင်းဖြစ်ကြောင်း PPNM က အသိပေးထားသည်။

ထိုသို့ အကျဉ်းသားအခွင့်အရေးများ ချိုးဖောက်ကျူးလွန်နေသည့် မော်လိုက် ကလေးအကျဉ်းထောင် မှ ထောင်အာဏာပိုင်များ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း၊ နိုင်ငံရေး အကျဥ်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်အရေးပေါ် ဆေးကုသခွင့်ကို ပိတ်ပင် တားဆီးနေမှုအား ရပ်တန့်က ရပ်တန့်ပေးပါရန် တောင်းဆိုထားသည်။

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလအထိ အ ကျဉ်းထောင်အသီးသီး တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိမှုများကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၂၈ ဦးအထိ ရှိနေပြီဖြစ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒိုက်ဦးအကျဉ်းထောင်၌ ထောင်တွင်းလူစုလူဝေးပြုလုပ်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ကို ဒေါက်ခတ်တိုက်ပိတ်ထား

ဒိုက်ဦးအကျဉ်းထောင်၌ ထောင်တွင်းလူစုလူဝေးပြုလုပ်သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ကို ဒေါက်ခတ်တိုက်ပိတ်ထား

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်၌ ထောင်တွင်းလူစုလူဝေးပြုလုပ်သည်ဟုဆိုကာ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို ဒေါက်ခတ်တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အောက်တိုဘာလ ၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်လင်းနိုင်၊ ကိုသဲဦးပိုင်၊ ကိုခန့်ညားသူ၊ ကိုလင်း၊...