ပေါက်မြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး (ရုပ်သံ)

ပေါက်မြို့နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး သွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တပ်ဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပေါက်မြို့နယ်၊ မြောက်ပိုင်းသို့ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၅ ဦး သေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိကာ တပ်ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်-PDA ၊ ကျောင်းသားလက်ရုံးတပ်တော် – SAF ၊ BORDERLESS နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အနေဖြင့် ပြည်သူလူထုအတွက် အောင်ပွဲများရရှိစေရန် ညီညွတ် ရေးကို ရှေ့ရှူ၍ ဘုံရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ် ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ရောက်ရှိနေသော စစ်တပ်အတွင်း မူးယစ်ဆေးဝါးတရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်က ဝန်ခံထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး...