မိုးထက်ဇော်(ပုံတောင်သား)
သူခိုးကို သနားလို့
ဝန်းရံကြ အလီလီ
ကျွန်ပလီလူမျိုး
ဒီတိုင်းပြည် ကျွန်မဖြစ်လျှင်
ဘယ်တိုင်းပြည် ရှိပါလိမ့်လေး။
သူခိုးကို ထောက်ခံလို့
ဝန်းရံကြ အလီလီ
ကျွန်ပလီ လူမျိုး
ဒီတိုင်းပြည်မှ မပျက်လျှင်
ဘယ်တိုင်းပြည် ပျက်ပါလိမ့်လေး။
အဓမ္မကို ကိုးကွယ်လို့
ထောက်ခံကြ အလီလီ
စစ်ကျွန်ပီပီ
ညီညီညာ လိမ်ကောက်ပွဲ
ဒီတိုင်းပြည် စစ်မဖြစ်လျှင်
ဘယ်တိုင်းပြည် ရှိပါလိမ့်လေး။
အာဏာရမ္မက် ဓားပြဖျက်လို့
စစ်ဖြစ်တဲ့ ဒီတိုင်းပြည်
ဘယ်ဝဋ်ကြွေးလို့
ယုံတွေးကြအလီလီ
ခံရပြီပေါ်တာဆွဲ
ရှေ့တန်းမှာ သေဆုံးမှ
ချုံးပွဲချ ငိုပွဲ။
ရှေ့တန်းမှ ဖမ်းခံရမှ
အသနားခံကြလေ အမြဲ။
ဓမ္မနဲ့အဓမ္မ ခွဲသိကြ ပြည်သူတွေ
အာဏာရှင်စနစ်ထဲ ရုန်းထွက်လေ
ဓမ္မဘက်မှ ကိုယ်တိုင် ရပ်တည်ပါမှ
ဓမ္မဘက်ကနေ ပါဝင်ပါမှ
ဒီတိုင်းပြည် ငြိမ်းချမ်းမည်မလွဲ။
ဒီတိုင်းပြည် တိုးတက်မည်အမြဲ။
မိုးထက်ဇော်(ပုံတောင်သား)
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် နံနက် ၇ နာရီ ၄၆ မိနစ်
Thanlwin Myanmar Media