သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၂
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်၊ ဖားအံမြို့ နယ်၊ ဖားဘော်ရွာလေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အ သက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၀ ရက် ညနေ ၅ နာရီ ၄၀ မိနစ်က ဖားအံမြို့ နယ်၊ ဝံပျံကျေးရွာ အုပ်စုအတွင်းရှိ ဖားဘော်ရွာလေးရွာ အတွင်းသို့ ကမမောင်းရှိ အာဏာသိမ်းအကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက် နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူလူထုများနေထိုင်ရာ နေရာများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ဖားဘော်ရွာလေးရွာအတွင်း နေထိုင်သော အသက် ၆ နှစ် အရွယ် နော်ချမိ နှင့် အသက် ၃၇ နှစ်အရွယ် စောတူတို့ သေဆုံးခဲ့ပြီး ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၁၇ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိကာ အိုးအိမ်ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်း အတုယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသည့်သယောင် ပြုမှုနေသော်လည်း ကော်သူးလေထိန်းချုပ်မှု နယ်မြေ များအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနေရာဒေသများအတွင်း နေထိုင်သော အရပ်သား ပြည်သူလူထုများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထား သည်။
Photo – အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးရမှုများ။
Thanlwin Myanmar Media