သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၂
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ၊ အနော်ရထာလမ်းမပေါ်ရှိ သောင်ကြီးရဲစခန်းကို တော်လှန် ရေးတပ်ဖွဲ့များက လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ရဲစခန်းဝင်းအတွင်းသို့ တည့်မတ်စွာကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက် မှုရှိကာ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းဝင်းကို လူနာတင်ကားများ ဝင်ရောက်သွားကြောင်း သိရသည်။
သောင်ကြီးရဲစခန်းသည် အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင် လှုပ်ရှားလျက်ပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက်နေသောကြောင့် Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame နှင့်အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Operation Flameအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ဘဲ ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲကာအ ကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media