Karen News

Karen News

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

 

D Day News

မေလ ၁၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိတပ်စွဲနေသော အကြမ်းဖက် စစ်သားများကို ရော့ကတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

 

ယနေ့ မေလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ရောက်ရှိကာ တပ်စွဲနေထိုင် သော အကြမ်းဖက်စစ်ကောင်စီ၏ “အောင်ဇေယျ” စစ်ကြောင်းမှ စစ်သားများကို Rocket လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေ အတွက် အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“သူတို့တပ်စွဲထားတဲ့နရာတွေကို တိုက်ခိုက်ခဲ့တာပါ။ ဒေါနတောင်ခြေတဝိုက်မှာပဲ။ မြေပြင် သတင်း အချက်အလက်တော့ မသိရသေးဘူး။ အောင်ဇေယျစစ်ကြောင်းကို ကျနော်တို့ မြေပြင်ပူးပေါင်း အဖွဲ့ တွေ အစွမ်းကုန်ပိတ်ဆို့ ဖြတ်တောက်နေပါတယ်။ ပူးပေါင်းအဖွဲ့ဆိုတာက KNLA အပါအဝင် အမှတ် ၃၁ ဗျူဟာ၊ အမှတ် ၃၂ ဗျူဟာ ပေါင်းပြီး ဝန်းရံပိတ်ဆို့ထားပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကရင်ပြည်နယ် နေရာအနှံတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသောကြောင့် မိဘပြည်သူ များအနေဖြင့် ဘေးကင်းရာအရပ်တွင် သတိပြုနေထိုင်ကြပါရန် ကျားဖြူစစ်ကြောင်းက ထုတ်ပြန် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...