ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်

ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၂

ရခိုင်ပြည်နယ်တွင် အလင်းဝင်ရောက်ခဲ့ပြီး ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် ရဲ ၂ ဦးက အ သက် ၆၂ နှစ်အရွယ် အဖွားတစ်ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယက်သွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ဆောမြို့နယ်၊ ဇေယျာရပ်ကွက် ရဲစခန်း အနီးတွင် စစ်ဘေးရှောင်နေသော အသက် ၆၂ နှစ်အရွယ် ဒေါ်ရှိန်းခေါဝါသည် ထင်းရှာရန်အတွက် ဒေသအခေါ် သန်းပင်ခုံ စုန်းတလင်းပြင် ဥယျာဉ်တောဘက်သို့ ထွက်သွားရာက ပျောက်ဆုံးသွားခဲ့ ကြောင်း၊ ထို့ကြောင့် ရပ်ကွက်နေပြည်သူများက လိုက်လံရှာဖွေရာ အောက်တိုဘာလ ၁၉ ရက် မွန်း လွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ဥယျာဉ်တောအတွင်း၌ ဆောက်ထားသည့် ဒေါ်ရှိန်းခေါဝါ၏ တောင် ယာတဲနှင့် ကိုက် ၅၀ အကွာအဝေးနေရာ၌ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အလောင်းကို စစ်ဆေးရာ ၎င်းအမြဲတမ်းဝတ်ဆင်ထားသည့် ၁ ကျပ်သားခန့် ရွှေဆွဲကြိုး တစ်ကုံး၊ တစ် မတ် သားခန့် လက်စွပ် တစ်ကွင်း၊ နားကပ်တစ်ရံတို့နှင့် ဘေးလွယ်အိတ်တစ်လုံးတို့ ပျောက်ဆုံးနေပြီး ၎င်းနေအိမ်သို့ မကြာခဏဝင်ထွက်လေ့ရှိသူ ချစ်ရင်ထူးနှင့် ဖိုးဆေးဆိုသူ အလင်းဝင်ရဲ ၂ ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ထို့ကြောင့် ချစ်ရင်ထူး၏ အကူအညီဖြင့် ဒေါ်ရှိန်းခေါဝါ ၏ ဥယျာဉ်ထဲ၌ လာရောက်နေထိုင်သူ အ လင်းဝင်စစ်သား အသက် ၂၁ နှစ်အရွယ် ဝဏ္ဏကျော်ဆိုသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

“လက်ရှိစစ်ဆေးနေတာက စစ်သားပေါ့၊ အဖွားကြီးရဲ့တောထဲမှာ ချစ်ရင်ထူးကနေဖို့ခေါ်ထားတဲ့ သူ ပါ။ အတူတူနေကြတာတော့ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ အလင်းဝင်ပြီး ဆောမြို့နယ်ထဲ ရောက် လာတာကတော့ အတူတူပေါ့၊ နေကြတာက အတည်တကျနေကြတာမျိုးမရှိဘူး။ အဓိက တရားခံ နှစ်ယောက်က ချစ်ရင်းထူးနဲ့ ဖိုးအေးပါ။ လက်ရှိဖမ်းထားတာက ချစ်ရင်ထူးအကူအညီနဲ့ ရောက်လာ တဲ့သူပါ။ လက်ဝတ်ရတနာပစ္စည်းတွေက ချစ်ရင်ထူးနဲ့ ဖိုးအေးဆီပါသွားတာဖြစ်နိုင်တယ်။” ဟု ယော အလင်းတန်းမှ ကိုအောင်ကြီးက ပြောကြားသည်။

လက်ရှိဖမ်းဆီးစစ်ဆေးနေသူ ဝဏ္ဏကျော်သည် ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် ဇာတိဖြစ်ပြီး ရခိုင် ပြည်နယ်စစ်ဆင်ရေးအတွင်း အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၁ ဦးဖြစ်ကာ ချစ်ရင်ထူးထံလာ ရောက်နေထိုင်သူဖြစ်ကြောင်း၊ အသက် ၂၅ နှစ်အရွယ် ချစ်ရင်ထူးသည်လည်း ရန်ကုန်တိုင်း၊ ထန်းတ ပင်မြို့နယ် ဇာတိဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ဖိုးအေးသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဇာတိဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် စစ်ဆင်ရေးများအတွင်း အလင်းဝင်ရောက်ခဲ့သူ ရဲတပ်သား ၁ ဦး ဖြစ်ပြီး ဝဏ္ဏကျော်နှင့်အတူ ရခိုင်ပြည်နယ်တွင် အလင်းဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ NUG အစိုးရ၊ ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေခြင်း ဖြစ်ပြီး လူသတ်ကာ လက်ဝတ်ရတနာများ ယူဆောင်သွားသည့် ချစ်ရင်းထူးနှင့်ဖိုးအေးတို့ကို တွေ့ရှိ ပါက ဆက်သွယ်ပေးကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့လယ်ခေါင်တွင် အမျိုးသားတစ်ဦးကို ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ပြီး ကားဖြင့် အလောင်းလာရောက်စွန်ပစ်

တောင်ကြီးမြို့လယ်ခေါင်တွင် အမျိုးသားတစ်ဦးကို ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ပြီး ကားဖြင့် အလောင်းလာရောက်စွန်ပစ်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့လယ်ခေါင်ကို အမျိုးသားတစ်ဦးအား ကြိုးတုပ်ကာ မီးရှို့ သတ်သတ်ဖြတ်ပြီး ရုပ်အလောင်းလာရောက်စွန့်ပစ်ခဲ့ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စပ်စံထွန်းလမ်းပေါ် တွင် မြို့မ လက်ဖက်ရည်ဆိုင် အနီးတွင် အသက်...