မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၂ နာရီ ၅၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊ မိုးကုတ်မြို့၊ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက် ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွယ် မမွန်သူ၊ အသက် ၆ နှစ် အရွယ် မခူသာနှင့် အသက် ၁၀ နှစ်အရွယ် မချာရှီးတို့ သေဆုံးခဲ့ပြီး ကလေး အပါအဝင် ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၁ အိမ်နှင့် ဖူဆယ်ကွင်း ၁ ကွင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်ထိ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံမြို့တွင် ၂ ကြိမ်၊ ကျောက်မဲမြို့တွင် ၂ ကြိမ်၊ သီပေါမြို့တွင် ၅ ကြိမ်၊ မိုင်းငေါ့မြို့တွင် ၃ ကြိမ်၊ မိုင်းလုံမြို့တွင် ၃ ကြိမ်၊ နမ့်ဆန်မြို့တွင် ၆ ကြိမ်၊ နမ္မတူမြို့တွင် ၅ ကြိမ်၊ မိုးမိတ်မြို့တွင် ၃ ကြိမ်နှင့် မိုးကုတ်မြို့တွင် ၂ ကြိမ် စုစုပေါင်း ၃၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦး၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၁ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါး၊ ကလေး ၁၁ ဦး၊ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၇ ဦးထိခိုက်ဒဏ်ရာရှိကာ နေ အိမ် ၁၄၃ အိမ်၊စာသင်ကျောင်း ၄ ကျောင်း၊ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ကျောင်းဆောင် ၈ ဆောင်၊ အဆောက်အဦး ၃ လုံး၊ ကြက်မွေးမြူးရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီး နှင့် ကား ၁ စီး တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း ကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး ထွက်ပြေးလာပြီး အလင်းဝင်

နောင်ချိုမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး ထွက်ပြေးလာပြီး အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်တပ်စစ်ကြောင်းအနက် စစ်မှုထမ်းတပ်သား တစ်ဦး အလင်းဝင်ခဲ့ကြောင်း ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံအလင်းဝင်ခဲ့ကြောင်း၊...