သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ် သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အ မှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုဝင် ရောက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ၊ထိုသို့ စစ်သားများ ဆုတ်ခွာထွက်ပြေးသွားမှုကြောင့် ရွာသစ်ကျေးရွာ အထိုင်စခန်းနှင့် ကျေးရွာတွင်းရှိ စစ် ကော်မရှင်တပ်၏ ကင်းစခန်းများအားလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီနိုင်နိုင် အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း၊ သေဆုံးသွားသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်သည် (လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉) မှ ဖြစ်ပြီး လက်ရဖမ်းဆီးချိန်တွင် ပစ္စတို ထုတ်၍ ခုခံမှုပြုလုပ်သောကြောင့် အသေပစ်သတ်လိုက်ရခြင်း ကြောင်း အသိပေးထားသည်။
“မနေ့က ရွာသစ်တိုက်ပွဲမှာ တပ်ရင်းအပါ ၁၅ ဦး သေတယ်၊ သုံးပန်း ၂ ဦး ရတယ်။ လကနက်တွေ လည်း ရတယ်။ သေဆုံးသွားတဲ့ စကစတပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ဦးညီညီနိုင်ဖြစ်ပြီးတော့ လေ ကြောင်းရန်ကာကွယ်ရေး လကတ (၂၀၂၉) တပ်ကဖြစ်ပါတယ်။ အိမ်ထောင်ရှိပြီး ဇနီးနဲ့ သားသမီး တွေ က နေပြည်တော်မှာ နေထိုင်တယ်လို့ သိရပါတယ်” ဟု အ မှတ် ၂ စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် အကြမ်ဖးက်စစ်ကောင်စီတပ်သားများထံမှ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး ၁ လုံး၊ MA-11 အ မျိုး အစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၃ လက်၊ ၆၀ မမ ၁ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ ကျည် ၅ လုံး ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ အတောင့် ၁၀၀၀ ခန့်နှင့် မီးစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်၏ လမ်း ညွှန်ချက်အတိုင်း နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ရှိ တပ်ရင်းများစုဖွဲ့ထားသောဗျူဟာ စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ကြား၌ပင် ပိတ်မိနေသော ကျေးရွာသားပြည်သူများအား တိုက်ပွဲလွတ်ရာ နေရာသို့ ကယ်ထုတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကော်မရှင်တပ်ဘက်မှ စစ်ကူအင်အားများဖြည့်၍ ပြန်လည်တိုးဝင် လာ သော ကြောင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပါသည်။ ထိုကြောင့် စစ်တောင်းမြစ်ကမ်း ဝန်းကျင်ရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် အသိ ပေးထား သည်။
ဗျူဟာစစ်ကြောင်းအနေဖြင့် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း (ရေ တာရှည်) နှင့် အခြားဒေသများ၌ နေပြည်တော်တိုင်းစစ်ဌာန အနေဖြင့် စစ်ဆင်ရေးများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media