မြောင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကြောင့် ပြည်သူများစွာ စစ်ဘေးရှောင်နေရ၊ ကျောက်ရစ်ရဲ စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာ ရရှိပြီး နွား ၃ ကောင်သေဆုံး၊

မြောင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကြောင့် ပြည်သူများစွာ စစ်ဘေးရှောင်နေရ၊ ကျောက်ရစ်ရဲ စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာ ရရှိပြီး နွား ၃ ကောင်သေဆုံး၊

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ပြည်သူများစွာ စစ်ဘေးရှောင်နေရပြီး ကျောက်ရစ်ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည် သူ ၃ ဦး ဒဏ်ရာရရှိပြီး နွား ၃ ကောင်သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများနှင့် တော်လှန်ရေးသတင်းရင်း မြစ်များထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ၄ လုံးပစ်ခတ်ခဲ့ရာ ကင်းရွာအတွင်း သို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ပြည်သူ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၂၅ နှစ် အရွယ် အမျိုးသးတစ်ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နွား ၃ ကောင်သေဆုံးခဲ့‌ကြောင်း သိရသည်။

“ကျောက်ရစ်အထိုင်စခန်းကနေ ကျနော်တို့ရွာကို လက်နက်ကြီးနဲ့ ၄လုံး ပစ်တယ်။၂ လုံးက ရွာထိပ် မှာ၊ ၂ လုံးက ရွာထဲမှာ ပေါက်ကွဲတယ်။ ဒဏ်ရာသူတွေထဲက တစ်ဦးက   အသက်အန္တရာယ် စိုးရိမ်ရ တယ်။ နွား ၃‌ ကောင်လည်း သေဆုံးခဲ့တယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ခြေလျင် ထွက်လာ သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် မြောင်မြို့နယ် ၊ ကျောက်ရစ်ကျေးရွာ အနောက်ဘက် ရွှေပန်းရွာနှင့် မကျီးအုပ်ကျေးရွာသို့ ရောက်ရှိနေပြီး ဒေသန‌ေပြည်သူများစွာ အိုးအိမ်စွန့် ခွာ ထွက် ပြေးနေရသဖြင့် အရေးပေါ် စားဝတ်နေရေးနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“စစ်ကြောင်းက ကျောက်ရစ်ရွာအနောက်ဖက် ရွှေပန်းရွာနဲ့ မကျီးအုပ်ရွာကြားမှာရှိ နေတယ်။ စစ်‌ရေး အ‌ခြေအနေကတော့ တင်းမာ နေဆဲလို့ ပြောလို့ရမယ်။ ကင်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်တာက တော့ အကြောင်းမဲ့ ပစ်တာပါ။ ဘာတိုက်ပွဲမှ မရှိဘူး။ အရပ်သား ပြည်သူတွေအပေါ်ကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၂...