သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဓူဝံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေဦးထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က တန့်ဆည်နယ် အရှေ့ခြမ်း၊ အက် တောရွာမှ ကာဘိုးရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကာဘိုးတံ တားအနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွငး် စစ်သား၊ ပျူ ၅ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ထွက်ပြေးသွားကြောင်း၊ သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို မွန်းတည့် ၁၂ နာရီ ကျော်တွင် ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပကဖ၊ရွှေဘိုခရိုင် အမှတ် – ၅၂ ဗျူဟာတပ်ရင်း၊ ရေဦး ပကဖ နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media