မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံးနှင့် ဆိုင်ခန်း ၅ ခန်းပျက်စီး

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံးနှင့် ဆိုင်ခန်း ၅ ခန်းပျက်စီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံးနှင့် ဆိုင်ခန်း ၅ ခန်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့‌ အောက်တိုဘာ ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်းငေါ့မြို့၊ မြို့မဈေးအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရကာ နေ အိမ် ၁၀ အိမ်နှင့် ဆိုင်ခန်း ၅ ခန်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုအောက်တိုဘာ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ လေကြောင်းဖြင့် မန်တုံမြို့တွင် ၁ ကြိမ်၊ ကျောက် မဲမြို့တွင် ၃ ကြိမ်၊ သီပေါမြို့တွင် ၅ ကြိမ်၊ မိုင်းငေါ့မြို့တွင် ၁ ကြိမ်၊ မိုင်းလုံမြို့တွင် ၄ ကြိမ်၊ နမ့်ဆန် မြို့တွင် ၅ ကြိမ်၊ နမ္မတူမြို့တွင် ၅ ကြိမ်၊ မိုးမိတ်မြို့တွင် ၃ ကြိမ်နှင့် မိုးကုတ်မြို့တွင် ၁ ကြိမ် စုစုပေါင်း ၂၈ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦး သေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေ အိမ် ၁၃၈ အိမ်၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ကျောင်းဆောင် ၇ ဆောင် နှင့် အဆောက်အဦး ၄ ခုတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကြောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ကို အကြမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ ဦး သေဆုံး၊ ကလေးအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၂...