အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် (ရုပ်သံ)

အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်တင်ဘာလ ၂၂ ရက် နေ့က အရာတော်မြို့နယ်၊ မင်းရွာဘက် သို့ဝင်ရောက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ နှင့်တော်လှန်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ အနေ ဖြင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့နယ် စစ်မျက်နှာများနှင့် စစ်ကိုင်းမြို့ပတ်ဝန်းကျင် များရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ကို တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရှမ်း/မြောက် တိုက်ခိုက်နေသည့် ရှေ့တန်းရဲဘော်များတွင် ခဲယမ်းရိက္ခာလိုအပ်နေသဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့မေတ္တာရပ်ခံ (ရုပ်သံ)

ရှမ်း/မြောက် တိုက်ခိုက်နေသည့် ရှေ့တန်းရဲဘော်များတွင် ခဲယမ်းရိက္ခာလိုအပ်နေသဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့မေတ္တာရပ်ခံ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုက်ဘာလ ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်နေသည့် ရှေ့တန်းရဲဘော်များတွင် ခဲယမ်း၊ ရိက္ခာများ အရေး ပေါ်လိုအပ်နေသဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော် ရေလှိုင်း က မေတ္တာရပ်ခံထားသည်။ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အနေဖြင့် ၁၀၂၇ ပထမပိုင်း မြို့သိမ်းတိုက်ပွဲများတွင် ဒရုန်း တပ်ဖွဲ့အနေဖြင့် မဟာမိတ် EAOs များနှင့်ပူးပေါင်းကာ...