သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၀
တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ၂ ဦးတို့ ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးရန် ခေါ်ဆောင်လာစဉ် ခုခံပစ်ခတ်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာ ၃ ဦး စလုံးသေဆုံးသွားကြောင်း ကော့သောင်းခရိုင် ပကဖက ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်က ကော့သောင်းခရိုင်အတွင်းရှိ တော်လှန်ရေး ပူးပေါင်း အဖွဲ့များသည် ခမောက်ကြီးမြို့နယ် လုံးဖောကျေးရွာအတွင်းသို့ ရှောင်တခင်ဝင်ရောက်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ကျေးရွာပျူခေါင်းဆောင် အေးစိုးတို့အား လုံခြုံသည့်တစ်နေရာတွင် စစ် ဆေးမေးမြန်းညှိနှိုင်းပြီး ပြန်လွှတ်ရန်အတွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကားကိုပါ ယူဆောင်လာ စေပြီး လုံးဖောကျေးရွာအလွန်တစ်နေရာတွင် နမ္မနွယ်ကျေးရွာမှ ပျူခေါင်းဆောင်ဦးသက်ဦးကို တွေ့ရှိ သဖြင့် ထပ်မံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခေါ်ဆောင်လာပြီး မွန်းတည့် ၁၂ နာရီအချိန် လမ်းခုလပ်တနေရာ အရောက် နေ့လည်စာ ထမင်း စားနေစဉ် ပျူသက်ဦးက ၎င်းတွင်အသင့်ပါလာသော မက်(ဂ်)နန်းပစ္စတို ဖြင့် ပစ်ခတ်ခုခံပြီး ၃ ဦး စလုံး ထွက်ပြေးကြသဖြင့် တော်လှန်ရေးရဲဘော်များမှ လိုက်လံပစ်ခတ်ဖမ်းစီးရာတွင် ၃ ဦးလုံး ကျည်ထိမှန် သေဆုံးသွားကြောင်း ၊ယင်းဖြစ်စဉ်အတွင်း ပျူသက်ဦး၏ ပစ်ခတ်မှုကြောင့် တော်လှန် ရေးရဲဘော် ၁ ဦး ညာပေါင်တွင် ကျည် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော သူ ၃ ဦးထံမှ စကားပြောစက် ၄ လုံး၊ ဖုန်း ၄ လုံး၊ ကိုးလုံးကျည် ခေါက်ချိုးအရှည် ၁ လက်၊ ၎င်းကျည် ၃ တောင့်၊ မက်(ဂ်)နန်းပစ္စတို ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပြည်သူ့စစ် စိစစ်ရေး ကဒ်ပြားများနှင့် Hilux Vigo ကားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
နောက်နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်များ ထပ်မံမဖြစ်စေရန်အတွက် ကော့သောင်းမြို့နယ် အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ပျူအဖွဲ့များအနေဖြင့် တော်လှန် ရေးအင်အားစုများမှ ခေါ်ယူ ပြောဆိုရာတွင် ကောင်းမွန်စွာ ပြန်လည်ဆက်ဆံကြပြီး ပြည်သူနှင့်အတူ ပူးပေါင်းပါဝင် ရပ်တည်သွား ကြရန် တိုက်တွန်းထားသည်။
ပြည်သူ့ဘက်မရပ်တည်သော မည်သည့်အဖွဲ့ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ စစ်ကော် မရှင်နှင့် အပေါင်းအပါမှန်သမျှကို ကော့သောင်းခရိုင်တော်လှန်ရေးအင်အားစုများမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media