သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၉
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ အောင်သပြေဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်က လောင်းလုံးမြို့ပေါ်ရှိ အောင်သပြေဘုန်း ကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အ ပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်သားများသည် လမ်းအသွားအလာပြည်သူများ၏လုံခြုံရေးအပေါ် နေ့စဉ်ရက် ဆက်ခြိမ်းခြောက် အနိုင်ကျင့်လျက်ရှိပြီး လူငယ်များအားအဓမ္မပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မစစ်မှု ထမ်းစုဆောင်းခြင်း၊ ခရီးသွားလာပြည်သူများအား မတရားဖမ်းဆီးခြိမ်းခြောက်ကာ ငွေကြေးအဆမ တန် တောင်းခံခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ နေ့စဉ်ကျူးလွန်လျက်ရှိသဖြင့် ဝင်ရောက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် မြို့ပတ်ဝန်းကျင်ရွာများအတွင်းသို့ မကြာခဏဝင်ရောက်ကာပေါ်တာဆွဲလေ့ရှိကြောင်း၊ ထို့ကြောင့် ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ဘုံရန်သူ အကြမ်းဖက် ဖက် ဆစ်တပ်ကို ပေါင်းစည်းခြင်းအင်အားဖြင့် ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းပြီး တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်။
Thanlwin Myanmar Media