လေကြောင်းဖြင့် ဗုံးကြဲသူ၊ ဆော်ဩသူ၊ ဗုံးကြဲမှုကို ဝမ်းမြောက်ဩဘာလက်ခုပ်တီးသူများကို ထုံးတို့ မှတ်ထား၊ အလှည့်ဆိုတာရှိစမြဲဟု ဗိုလ်ချုပ်တားဘုန်းကျော်ပြော

လေကြောင်းဖြင့် ဗုံးကြဲသူ၊ ဆော်ဩသူ၊ ဗုံးကြဲမှုကို ဝမ်းမြောက်ဩဘာလက်ခုပ်တီးသူများကို ထုံးတို့ မှတ်ထား၊ အလှည့်ဆိုတာရှိစမြဲဟု ဗိုလ်ချုပ်တားဘုန်းကျော်ပြော

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၉

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဗုံးကြဲသူ၊ ဆော် ဩသူ၊ ဗုံးကြဲမှုကို ဝမ်းမြောက်ဩဘာလက်ခုပ်တီးသူများကို ထုံးတို့မှတ်ထားပြီး အလှည့်ဆိုတာရှိလာ မည်ဖြစ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ယနေ့ အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက လူမှု ကွန်ယက်မှ တဆင့်ပြောဆိုထားသည်။

ယနေ့ အောက်တိုဘာလ ၁၀၉ ရက်နေ့တစ်နေ့တည်း အကြမ်းဖက်စစ်ကောင်စီတပ်က နမ့်ဆန်မြို့ နယ်၊ မန်တုံမြို့နယ်၊ မိုင်းငေါ့မြို့နယ်တို့ကို တပြိုင်တည်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး ထိမှန် ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

“ထုံးတို့ထားမယ်…။ မနက်၊ နေ့ခင်း၊ ညနေ၊ ညသန်းခေါင် ဆက်တိုက် လယ ဗုံးကြဲနေတာ… ။ ကြဲတဲ့ သူ ၊ ကြဲဖို့ဆော်ဩသူ ၊ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ။ အားလုံးကို ထုံးသေချာ တို့မှတ် ထားမယ်…။ အလှည့်ဆိုတာ ရှိစမြဲပါ…” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုထားသည်။

ယခုလ အောက်တိုဘာ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံ မြို့တွင် (၁) ကြိမ်၊ ကျောက်မဲမြို့တွင် (၃) ကြိမ်၊ သီပေါမြို့တွင် (၅) ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁) ကြိမ်၊ မိုင်းလုံမြို့တွင် (၄) ကြိမ်၊ နမ့်ဆန်မြို့တွင် (၅) ကြိမ်၊ နမ္မတူမြို့တွင် (၅) ကြိမ်၊ မိုးမိတ်မြို့တွင် (၃) ကြိမ်နှင့် မိုးကုတ်မြို့တွင်(၁) ကြိမ် စုစုပေါင်း (၂၈) ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် (၂) ပါး၊ကလေး (၈) ဦး၊ အမျိုးသား (၁၂) ဦး၊ အမျိုး သမီး (၁၉) ဦးသေဆုံးခဲ့ပြီး ကလေး (၁၁) ဦး၊ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၇) ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ကျောင်းဆောင် (၇) ဆောင်နှင့်အဆောက်အဦး (၄) ခု ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ကြမ်းတမ်းရိုင်းစိုင်းသည့် စစ်ကြီးအတွင်း မသေ သေးပဲ ရှင်သန်ကျန်နေသည့် တို့တတွေအားလုံး အားမွေးကာ အတွေးသစ်ဖြင့် ဗျူဟာများ ထပ်ချဲ့ ကာ တော်လှန်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးကို ရွေးချယ်ထားသည့်အတွက် တော်လှန်ရေးက လည်း မိမိတို့ကို ပြန်လည်ရွေးချယ်ထားကြောင်း အသိပေးထားသေးသည်။

“စစ်…..။ ကြမ်းတမ်း ရိုင်းစိုင်းတဲ့ ဒီစစ်ကြီးထဲမှာ …။ မသေသေးပဲ ရှင်သန်ကျန်နေတဲ့ တို့တတွေအားမွေး … အတွေးသစ်နဲ့ ဗျူဟာတွေထပ်ချဲ့ကြတာပေါ့… ။ ငါတို့က တော်လှန်ရေးကိုရွေးတော့ တော်လှန်ရေးက ငါတို့တွေကို ပြန်ရွေးချယ်တာလေ..’။ဘုန်းကျော်(လက်ဖက်မြေ) ၁၁/၁၀/၂၀၂၅ (၂:၄၅)” ဟု လူမှုကွန်ယက်မှတဆင့်ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုထားခြင်းဖြစ်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီး သတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ပျက်စီး

နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီး သတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေ ကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၄...