မုံရွာမြို့နယ်၊ ကျောက္ကာလမ်းမပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်သံ)

မုံရွာမြို့နယ်၊ ကျောက္ကာလမ်းမပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး သံပြားကာ ကားဖြင့် သယ်ဆောင်သွားကြောင်း မုံရွာမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မုံရွာမြို့နယ်၊ စီးပွားရေးတက္ကသိုလ်၌ တပ် စွဲထားသော ခြေလျင်အကြမ်းဖက်စစ်သားများ ၁၀၀ ခန့်သည် သံပြားကာ ကား ၂ စီးဖြင့်ကျောက္ကာ လမ်းမပေါ်ရှိ ရွှေဂူနီဘုရားတွင် တပ်စွဲထားသော စစ်သားများထံ ရိက္ခာပို့ရန်ထွက်လာခဲ့ကြောင်း သိရ သည်။

ထိုသို့ ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက မုံရွာ -ကျောက္ကာလမ်းမပေါ် ထနောင်းဝင်းကျေးရွာနှင့် ကျောက္ကာကျေးရွာအရောက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စ၍ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားအများအပြား ထိခိုက်သေဆုံးကာ မုံရွာမြို့ဘက်သို့ သံပြားကာကားများဖြင့် သယ်ဆောင်သွား ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲက ၁ နာရီဝန်းကျင်လောက်ကြာတယ်၊ ထိသေဆုံးတဲ့သူတွေကို သံပြားကာ ကားတွေ နဲ့ ပြန်တင်သွားတာ၊ အရေအတွက်ကတော့ အတည်ပြုလို့မရဘူး။ သံပြားကာကား ၂ စီးက အရင် တက်လာတာ။ နောက်ကနေမှ ခြေလျင်စစ်သား အင်အား ၁၀၀ လောက်ကပ်လိုက်တာ။ ကားတွေကို မတိုက်ပဲ နောက်ကခြေလျင်စစ်ကြောင်းကိုပဲ ဖြတ်တိုက်တာ။ ထိခိုက်သေဆုံးတဲ့စခတွေကို မုံရွာမြို့ ကို ပြန်သယ်သွားတယ်လို့ ယူဆရတယ်။ ရိက္ခာတွေကတော့ ရွှေဂူနီအထိရောက်သွားပါတယ်” ဟု မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force ၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၂ ၊ ၃ ၊ ၄ ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူး တိုက် ခိုက်ရေး အဖွဲ့- Tribal Force ၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့- မုံရွာ Special ဒိတ်ဒိတ် ကြဲ ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နှင့် ဒေသခံရပ်ကျေးပကဖ များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံခရိုင်အတွင်း ရင်ဆိုင်နေရသည့် စစ်မျက်နှာပြင်တွင် ခဲယမ်းအရေးပေါ်လိုအပ်နေသည်ဟု ဗိုလ်မိုက်ခဲပြော (ရုပ်သံ)

မြင်းခြံခရိုင်အတွင်း ရင်ဆိုင်နေရသည့် စစ်မျက်နှာပြင်တွင် ခဲယမ်းအရေးပေါ်လိုအပ်နေသည်ဟု ဗိုလ်မိုက်ခဲပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၇ မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း၌ ရင်ဆိုင်နေရသည့် စစ်မျက်နှာပြင်တွင် ခဲယမ်းအရေးပေါ် လိုအပ် လျက်ရှိကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့ နယ်၊ တောင်သာမြို့နယ်နှင့်...