သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၈
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့နယ်ထွေ/အုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း Yangon Army -YA အဖွဲ့က ထုတ်ပြန် သည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်က လှည်းကူးမြို့နယ်၊ ဒရယ်ဘိုး ကျေးရွာရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်များက ပြင်း အားမြင့် မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း မြို့နယ အုပ်ချုပ်ရေးမှူးရုံး၌ အရက်သောက်ရန် ပြင်ဆင်နေသည့် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူ ၁ ဦး ဗုံးထိမှန်ပြီး လေပေါ်ပျံဝဲ၍ ပြုတ်ကျကာ ပွဲချင်းပြီးသေဆုံး သေဆုံးသွားကြောင်း၊ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်း ခရိုင် ပကဖ တို့က ပူပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ ဘေးအန္တရယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီပြုလုပ်မည့် တရား မ၀င်ရွေးကောက်ပွဲတွင် ပါ၀င်လုပ်ကိုင်နေကြသူများကို ဆက်လက်၍ အပြင်းအထန် တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media