နတ်ရေကန်ဗျူဟာကုန်းမှ ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်သားအချို့ကို လက်ရ ဖမ်းဆီးရရှိ နေသကဲ့သို့ အလံဖြူထောင် အလင်းဝင်ရောက်လာသူများလည်း ဆက်တိုက်ရှိနေ

နတ်ရေကန်ဗျူဟာကုန်းမှ ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်သားအချို့ကို လက်ရ ဖမ်းဆီးရရှိ နေသကဲ့သို့ အလံဖြူထောင် အလင်းဝင်ရောက်လာသူများလည်း ဆက်တိုက်ရှိနေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၈

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းမှ ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်သားအ ချို့ကို လက်ရ ဖမ်းဆီးရရှိ နေသကဲ့သို့ အလံဖြူထောင် အလင်းဝင်ရောက်လာသူများလည်း ဆက် တိုက်ရှိနေကြောင်း အာရက္ခတပ်တော် -AA က ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

အာရက္ခတပ်တော်အနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်းရှိ အ နည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ ထို့အပြင် ကစဉ့် ကလျား ထွက်ပြေးနေကြသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့လည်း တိုက်ပွဲ ဆက်ဖြစ်နေကြောင်း အသိပေးထားသည်။

အဆိုပါ နတ်ရေကန်ဗျူဟာကုန်း မကျဆုံးစေရေးအတွက် အကြမ်းဖက်စစ်ကော်မရှင်တပ်က လေ ကြောင်း ပစ်ကူ ၊ စစ်ကူများအဆက်မပြတ်ပေးနေသည့်ကြားမှ အာရက္ခစစ်သည်တော်များ အကောင်း ဆုံး တုံပြန်ခံစစ်များနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က နတ်ရေကန်ဗျူဟာကုန်းအနီးတဝိုက်ရှိ အချို့သောနေရာ များ၌ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့သည် အလံဖြူထောင် လက်နက်ချကာ အလင်းဝင်လာ သူများ ရှိသလို အချို့တိုက်ပွဲတွင်လည်း လက်ရဖမ်းဆီးရရှိမှုရှိကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန် ထားသည်။

ထိုသို့ အလံဖြူထောင် အလင်းဝင်ရောက်လာခဲ့ကြသူတိုင်းကို အရက္ခတပ်တော်က စစ်သုံပန်း ဥပဒေ နှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားကြောင်း အသိပေးထားသည်။

ထိုကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရ သောသူများအနေဖြင့် အာရက္ခတပ်တော်နှင့် အနီးဆုံးနေရာများသို့ ဆက်သွယ်၍ အချိန်မရွေးလက် နက်ချ အလင်းဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ခြေလျင်စစ်ကြောင်း ထိုး‌ နေမှုကြောင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူသောင်းချီ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ခြေလျင်စစ်ကြောင်း ထိုး‌ နေမှုကြောင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူသောင်းချီ ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ပြီး ခြေလျင်စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူသောင်းချီကာ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာသပိတ်ကော်မတီက ထုတ်ပြန်သည်။ ယနေ့အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းအတွင်း မှ အင်အား...