Yaw News

ထီးလင်းမြို့နယ်၊ ရေမျက်နီဲရဲစခန်းမှ ရေခပ်ဆင်းလာသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၂ ဦး ဒဏ်ရာရ

 

D Day News

မေလ ၁၂

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းမှ ရေခပ်ဆင်းလာသော အကြမ်းဖက် စစ်သားများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း – YNRF ထံမှ သိရ သည်။

 

ယနေ့ မေလ ၁၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ၊ထီးလင်းမြို့နယ် ၊ရေမျက်နီရဲစခန်းမှ ရေခပ် ဆင်းလာသော အကြမ်းဖက်စစ်သားများကို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း နှင့် ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်း တို့ ပူးပေါင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ၌ ကျောမြို့အနီး အခြေစိုက် ကပစ ၂၃ နှင့် ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ မှ အကြမ်းဖက်စစ်သားများ ပူးပေါင်းကာ အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊...