တောင်ကြီးမြို့လယ်ခေါင်တွင် အမျိုးသားတစ်ဦးကို ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ပြီး ကားဖြင့် အလောင်းလာရောက်စွန်ပစ်

တောင်ကြီးမြို့လယ်ခေါင်တွင် အမျိုးသားတစ်ဦးကို ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ပြီး ကားဖြင့် အလောင်းလာရောက်စွန်ပစ်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့လယ်ခေါင်ကို အမျိုးသားတစ်ဦးအား ကြိုးတုပ်ကာ မီးရှို့ သတ်သတ်ဖြတ်ပြီး ရုပ်အလောင်းလာရောက်စွန့်ပစ်ခဲ့ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စပ်စံထွန်းလမ်းပေါ် တွင် မြို့မ လက်ဖက်ရည်ဆိုင် အနီးတွင် အသက် ၃၀ မှ ၄၀ ကြားအရွယ်ရှိ အမျိုးသားတစ်ဦးကို ကြိုး တုပ်၍ မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်အေလာင်း တစ်လောင်းကို ကားဖြင့် လာရောက် စွန့်ပစ်ခြင်းဖြစ် ပြီး အလောင်းမှာ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“အသက်အရွယ်က ၃၀ နဲ့ ၄၀ ကြားလောက်ပဲ၊ ပိန်ပိန်ပါးပါးနဲ့၊ လွယ်အိတ်ပါတယ်။ လွယ်အိတ်ထဲမှာ ကော်မီး ချောင်းတွေ၊ မီးခြစ်တွေပါတယ်။ အပိုင်းပိုင်းခုတ်ထားတာတော့ မဟုတ်ဘူး။ ထိုးသွင်းဒဏ် ရာ၊ ပြတ်ရှဒဏ်ရာ။ ဖူးယောင်ဒဏ်ရာတွေနဲ့ နားရွက်တစ်ဖက်လည်း ပြတ်နေတယ်။ ရင်ဘတ်မှာ ကျားပုံ တက်တူးပါတယ်။ စပ်စံထွန်း လမ်းပေါ်က မြို့မလက်ဖက်ရည်ဆိုင်ကြားအထိ Honda Fit ကားနဲ့ လာပစ်သွားတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြော ကြားသည်။

အဆိုပါ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ စဝ်စံထွန်းဆေးရုံသို့ သယ် ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာအနီးရှိ CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရခိုင်အမျိုးသား ကုန်သည်တစ်ဦးကို အငှားကား လိုက်ပို့သူက ဓားပြအဖွဲ့နှင့် ပူးပေါင်းပြီး ဓားပြတိုက်သဖြင့် ရူပီးငွေ ၁၀ သိန်းကျော်ပါသွား

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရခိုင်အမျိုးသား ကုန်သည်တစ်ဦးကို အငှားကား လိုက်ပို့သူက ဓားပြအဖွဲ့နှင့် ပူးပေါင်းပြီး ဓားပြတိုက်သဖြင့် ရူပီးငွေ ၁၀ သိန်းကျော်ပါသွား

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ အန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်အတွင်းတွင် ရခိုင်အမျိးသားကုန်သည်တစ်ဦးကို အငှား ကား မောင်းကာ လိုက်ပို့ပေးသူက ဓားပြအဖွဲ့နှင့်ပူးပေါင်းကာ ဓားပြတိုက်သွားသဖြင့် ရူပီးငွေ ၁၀ သိန်းကျော်ပါသွားကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈...