သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်၌ ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်က ရေဦးမြို့မြောက်ပိုင်း မြို့အထွက်၌ ကင်းပုန်းဝပ်ရန် ရေဦးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀ ဦးခန့်ကို မြို့အဝင် ဆိုင်းဘုတ်အနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media