Naung Cho News

Naung Cho News

နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာတိုက်ပွဲအတွင် စစ်တပ်က ဓာတုဆိပ်ဗုံးအပါအဝင် ၄၃ ကြိမ် လေကြောင်းဖြင့် ကြဲချတိုက်(ရုပ်သံ)

 

D Day News

မေလ ၁၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ဓာတုအဆိပ်ဗုံးအပါအဝင် ၄၃ ကြိမ်အထိ လေကြောင်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်းပြည် သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

 

မေလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ အနီးဝန်း ကျင်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်သင့်ဗုံးများ ကျဲချခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် အချို့ ဓာတုအဆိပ်သင့်ပြီး   မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရ ကြောင်း သိရသည်။

https://youtu.be/ooIWDZ7O5o4

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးမသာတော့သဖြင့် လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြု၍ စစ်ဆင်ရေးများ လုပ်ဆောင်လာသည်ကို တွေ့မြင်ရကြောင်း၊ စစ်ကောင်စီအနေဖြင့် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် သရက် ကုန်း ကျေးရွာအနီးတဝိုက်ကို  လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၄၃ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်သည် နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရေးအတွက် မြေပြင် အင်အားအလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ ၊ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ တပ်ဖွဲ့အနေဖြင့် လည်း အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...