သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်မှုကြောင့် အသက် ၂၇ နှစ်အရွယ် လူငယ် တစ် ဦးသေဆုံးခဲ့ ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ရန်ကုန်ရွာနေ အသက် ၄၀ အရွယ် စောဖူဒီး၊ အသက် ၆၀ အရွယ် ဦးသဒေါင်းတို့အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်ဆီးပြီး ကော့ကရိတ်မြို့သို့ ခေါ်ဆောင်သွားကြောင်း၊ ထို့အပြင် အသက် ၂၇ နှစ်အရွယ် စောအ ကျော်ကိုလည်း ရွာထဲ၌ ပစ်သတ်ကာ အလာင်းဖျောက်ပစ်ခဲ့သဖြင့် မိသားဝင်များက ပြန်လိုက်ရှာ သော်လည်း တွေ့ရှိရခြင်းမရှိကြောင်း သိရသည်။
“အကြမ်းဖက် စစ်တပ်က အာရှလမ်းပြန်ဖွင့်နိုင်ဖို့ ကော့ကရိတ် ၊ ကျုံဒိုးရွာတွေကို တော်လှန်ရေးအဖွဲ့ တွေ လက်မခံ ရဲအောင် ရွာသားတွေကြောက်လန့် အောင် သတ်ဖြတ်ဖမ်းဆီးတာ တွေလုပ်နေတယ်။ အောက်တိုဘာ ၁၁ ရက်က ရန်ကုတ်ရွာသား၃ဦးဖမ်းခံရတာကအမှန်ပဲနော်၊ ကော့ကရိတ်ကိုခေါ်သွား တယ် ၊စောဖူဒီး ၄၀ နှစ် ၊ ဦးသဒေါင်း ၆၀ကျော် ကော့ကရိတ် စစ်တပ်ကို ဖမ်းခေါ်သွားတာ ၊စောအ ကျော် ၂၇ နှစ်ကို ရွာထဲမှာ ပစ်သတ်ပြီး အလောင်းသယ်ယူပြီး အလောင်းဖျောက်သွားတယ်။ မိသားစု လိုက်ပြန်ရှာနေတာ၊ အလောင်း ရှာမ တွေ့သေးဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြား သည်။
အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကော့ကရိတ်မြို့နယ်၊ မြပတိုင်၊ နောင်ထပ္ပံ၊ နန်း ကော့တေးရွာသို့ ရောက်ရှိနေသော နဘူးအခြေစိုက် ခလရ ၅၄၇ တပ်မှ အကြမ်းဖက်စစ်သားများ သည် ကျေးရွာသားများအပေါ် အနိုင်ကျင့်၊ ထိုးကြိတ်၊ လည်ပင်းညှစ်၊ ရင့်သီးစွာ ဆဲဆိုခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး နောင်ထပ္ပံရွာသားအားလုံးကိုလည်း ဖမ်းဆီးကာ ဘုန်းကြီးကျောင်း၌ စုထား ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၊ မြပတိုင်ဘက်ရှိ အကြမ်းဖက်စစ်တပ် အမြောက်တည်နေရာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ DKBA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့ ကြောင့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် နောင်မိ၊ ထီးဖိုးစံရွာဘက်သို့ ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ အတွဲ လိုက်ပစ် လက်နက်ကြီးများဖြင့် ထီးဖိုးစံကျေးရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထီးဖိုးစံ ဘုန်းကြီး ကျောင်းကို ထိမှန်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များ၊ ကျောင်းအုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ ကြောင်း သိရသည်။
“တော်လှန်ရေးဘက်ကနေ မြပတိုင်ဘက်ရှိတဲ့ စကမတပ်ရဲ့ အမြှောက်တည်နေရာကို ဗုံးကြဲ တိုက် ခိုက်တာမှာ စကမ နဲ့ DKBA တွေ ထိခိုက် သေဆုံးတာရှိ လာလို့ နောင်မိ ၊ ထီဖိုးစံရွာ ဘက်ကို လက် နက်ကြီးပစ်၊ ဒရုန်းနဲ့ ဗုံးကျဲ၊ တနေကုန် အဆက်မပြတ် လုပ်နေတာ၊ ကော့ကရိတ် ၉၇ တပ်က လည်း အတွဲလိုက်ပစ် လက်နက်ကြီးတွေနဲ့ ထီဖိုးစံ ကွင်းများဘက်ကို ပစ်လို့ ထီဖိုးစံ ဘုန်းကြီး ကျောင်းအုတ် တံတိုင်းပြိုကျ၊ ကျောင်းဆောင်တွေ ထိမှန်ပျက်စီးတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြ သည်။
Thanlwin Myanmar Media