ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာအနီးရှိ ပွိုင့် ၆၆၆ စစ်တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိ၊ စစ်သား အလောင်းအချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ (ရုပ်သံ)

ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာအနီးရှိ ပွိုင့် ၆၆၆ စစ်တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိ၊ စစ်သား အလောင်းအချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၆

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာအနီးရှိ ပွိုင့် ၆၆၆ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ပြီး စစ်သားအလောင်းအချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ် တော် -AA က အောက်တိုဘာလ ၁၅ ရက် ညပိုင်းက ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီ ၅ မိနစ်က ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေး ရွာ တောင်ဘက်၊ ၉ ကီလိုမီတာအကွာအဝေး၌ရှိသော အကြမ်းဖက်စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်း ကို အာရက္ခတပ်တော်၏ တန်ပြန်ထိုးစစ်အနေဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွိင့်ကုန်းနှင့် ၎င်းပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ် သော်လည်း အောက်တိုဘာလ ၁၄ ရက်နေ့မှ ထိုးစစ်အရှိန်ကို မြှင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပွိင့် (၆၆၆) စခန်းတစ်ခုလုံးသိမ်းပိုက်မှုအတွင်း စစ်သားအလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့်ယင်းထိုးစစ်အတွင်း တိုက်ရည်ခိုက် ရည်ကောင်းမွန်သော အာရက္ခစစ်သည်တော်များနှင့်အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ် သည်တော်များကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊ ကျောက္ကာလမ်းမပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်သံ)

မုံရွာမြို့နယ်၊ ကျောက္ကာလမ်းမပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၉ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး သံပြားကာ ကားဖြင့် သယ်ဆောင်သွားကြောင်း မုံရွာမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်က...