သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီခန့်က လောင်းလုံးမြို့ပေါ်မှ အင်အား ၅၀ ကျော်ဖြင့် ထွက် လာပြီး နီးစပ်ရာကျေးရွာများအတွင်းနေလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့်စစ်တပ်စစ်ကြောင်း ကို တောတွင်း တနေရာအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိနာကာ ဆုတ်ပြေးသွား ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ ခဲယမ်း နှင့်ကျောပိုးအိတ်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ပေါ်တာဆွဲဖမ်းဆီးလာသည့် ပြည်သူ ၆ ဦးစလုံး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းသိမ်းစောင့် ရှောက်ထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ အနည်း ငယ် ရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media