ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ကြံ့ဖွတ်ပါတီရုံးကို မိုင်း၊ လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ကြံ့ဖွတ်ပါတီရုံးကို မိုင်း၊ လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၅

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံးကို မိုင်း၊ လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း Yangon Army (YA) အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်u မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီ ရုံးကို တော်လှန်ရေးတပ်ဖွဲ့များက ပြင်းအားမြင့်မိုင်း ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုနောက်ဆက်တွဲ သတင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံ့ဖွတ်ပါတီသည် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်၏ လက်ဝေခံပါတီ တစ်ခုဖြစ်ပြီး စစ်တပ်က ပြုလုပ်မည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲအောင်မြင်စေရန် အား တက်သရော လုပ်ဆောင်နေသည့်ပါတီတစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ကိုင်နေကြသူများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို တတ်နိုင်သည့်ဘက်မှ ဆန့်ကျင်ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြက်ခြံတစ်ခြံ ပျက်စီး

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြက်ခြံတစ်ခြံ ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအထက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွေးမြူရေး ကြက်ခြံတစ်ခြံပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့အောက်တိုဘာလ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က တအာင်းပြည်၊...