ထားဝယ်မြို့နယ်တွင် လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

ထားဝယ်မြို့နယ်တွင် လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ် တပ်စစ်ကြောင်းကို စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ရှိ အမတ ၃၀၂ မှ လက်နက်ခဲယမ်းပို့ ထွက်လာသော အင်အား ၁၀၀ ပါ စစ်တပ်စစ်ကြောင်းကို တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ညီနောင်ရဲဘော်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေ ထိုင်ကြရန် တိုက်တွန်းထားသည်။

တိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့် မိဘပြည်သူ များအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက် အလက်များကို လိုက်နာကျင့်ကြံကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်းက ဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ်၊ ဆည်တော်စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်းမှ သေဆုံးစစ်သား အလောင်း ၂ လောင်း မုန်းချောင်းထဲ၌ တွေ့ရှိ (ရုပ်သံ)

ပွင့်ဖြူမြို့နယ်၊ ဆည်တော်စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်းမှ သေဆုံးစစ်သား အလောင်း ၂ လောင်း မုန်းချောင်းထဲ၌ တွေ့ရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၄ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်းမှ သေဆုံးစစ်သား အလောင်း ၂ လောင်းကို မုန်းချောင်းထဲ၌ ထပ်မံတွေ့ရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံမှ သိရ သည်။ အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်တို့တွင် ပွင့်ဖြူမြို့နယ်၊ မုန်းချောင်းအတွင်း...