ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်း နှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်း နှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ခလရ ၁၀၄ တပ်ရင်းနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်သည်။

အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဖြူမြို့နယ်၊ မြို့မရဲစခန်းတွင် တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်တွင် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအတွင်း တပ်စွဲနေထိုင် သော အကြမ်းဖက် စစ်သားများကိုလည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးအရေအတွက် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီခန့်ကလည်း လောင်းလုံးမြို့နယ် ခလရ ၁၀၄ တပ်ရင်း ကိုလည်း ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း (Drone Team ) နှင့် DEF (Drone Team) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်းထားသည်။

တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိ နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သတ်သည့် သတင်း အချက်အလက်များ ကို လိုက်နာပေးကြပါရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန်မြင့်လာသည် နှင့်အ မျှ ပြည်သူ့ဘက် အမှန်တရားဘက် ရပ်တည်လိုသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းပေးကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်း ဖိတ်ခေါ်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၄ ကရင်နီပြည်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေ ပြီး တစ်ပတ်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ အောက်တိုဘာလ...