သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၄
ကဏ္ဍတိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေး အတွက် ယခုထက်ပို၍ တိကျသော ဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF တိုက်တွန်းထားသည်။
ယနေ့ အောက်တိုဘာလ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျရောက်သော “တအာင်းအမျိုး သမီး အဖွဲ့အစည်း တည်ထောင်ခြင်း ၂၅ နှစ်ပြည့်နေ့သို့ ပေးပို့သော ဂုဏ်ပြ သဝဏ်လွှာတွင် ပလောင်ပြည် နယ်လွတ်မြောက်ရေးတပ်ဦး – PSLF က တိုက်တွန်းထားခြင်းဖြစ်သည်။
တရားမျှတမှု၊ ဂျဲန်ဒါတန်းတူညီမျှမှု နှင့် နိုင်ငံရေးအပါအဝင် ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတိုင်း တွင် အမျိုးသမီးများ ဦးဆောင်ပါဝင်လာစေရေးအတွက် ရည်မှန်း၍ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကို ၂၀၀၀ ခုနှစ် တွင် စတင်ဖွဲ့စည်းပြီး အမျိုးသမီးဆိုင်ရာလုပ်ငန်းများကို အကောင်အထည် ဖော်လုပ်ဆောင်လာခဲ့သည်မှာ ယနေ့တွင် (၂၅) နှစ် ပြည့်လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာ့နိုင်ငံရေး နှင့် တအာင်းပြည်နိုင်ငံရေးတွင် ဂျဲန်ဒါတန်းတူအခြေပြုခွဲခြားဆက်ဆံမှုများ နှင့် ဖယ်ကျဉ်ချန်ထားမှုများမှာ လက်ရှိအချိန်အထိ ကြုံတွေ့နေရဆဲဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုအပါအဝင် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများလည်း ထင်သာစွာ မြင်တွေ့ရှိနေရဆဲဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF က ပြောဆိုထားသည်။
ထို့အပြင် တအာင်းပြည်တွင် စစ်ကောင်စီမှ နေ့စဉ်ရက်ဆက် လေကြောင်းခြိမ်းခြောက်မှုနှင့် လေ ကြောင်းတိုက်ခိုက်မှု စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိပြီး အမျိုးသမီးငယ်များ၊ ကျောင်းသူ ကလေးများလည်း အသက်ဆုံးရှုံးမှု ကြုံတွေ့နေရကြောင်း ဆက်လက်ပြောဆိုထားသည်။
ထိုသို့သော အခက်အခဲ၊ စိန်ခေါ်မှုများစွာ ရှိနေသည့်ကြားတွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းသည် တအာင်းပြည်ရှိ အမျိုးသမီးများ၊ ကလေးငယ်များ နှင့် ပြည်သူလူထုများအတွက် တရားမျှတမှုရရှိရေး၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာ နာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများ စွမ်းစွမ်းတမံ ဆက်လက်အားထုတ်ကြိုးပမ်းနေ ခြင်းသည် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သော ကူညီပံ့ပိုးမှုတစ်ရပ် ဖြစ်ကြောင်း အသိပေး ထားသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းသည် ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်ပြီး လူ့အခွင့် အရေး ချိုးဖောက်မှုများ၊ စစ်ပဋိပက္ခများ နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပွားသော ထိခိုက် နစ် နာ ဆုံးရှုံးမှုများကို မှတ်တမ်းတင်ကာယဉ်ကျေးသော နိုင်ငံတကာအဖွဲ့အစည်းများထံအချက် အလက် တင်ပြ၍ အမျိုးသမီးများ၏ သတ္တိ၊ စွမ်းအား နှင့် တာဝန်ယူမှုကို ဖော်ပြသည့် ကြီးမားသည့် အောင်မြင် မှုများ ရရှိထားကြောင်း သိရသည်။
သို့ဖြစ်ပါ၍ တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် လက်ရှိစစ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု များကို ကျော်လွန်ပြီး မိသားစုရေးရာ စီမံခန့်ခွဲရသူပီပီ မိသားစုစီမံခန့်ခွဲသူအဆင့်သာမက တအာင်း ပြည်တည်ဆောက်ရေး နှင့် ဂျဲန်ဒါတန်းတူညီမျှမှု၊ တရားမျှတမှု၊ ဆုံးဖြတ်ချက်ချနိုင်သည့် ကဏ္ဍတိုင်း တွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေး အတွက် ယခုထက်ပို၍ တိကျသော ဗျူဟာများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLFက တိုက်တွန်းထားသည်။
Thanlwin Myanmar Media