နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၉ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် လွေးတင်တင်နွယ် နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း သိရသည်။

ထိုအပြင် အသက် ၁၅ နှစ် လွေးမေတင်နွယ်၊ ၊ အသက် ၅ နှစ်အရွယ် မိုင်းနန်းဘု၊ အသက် ၇ နှစ် အ ရွယ် မိုင်းကောင်းချစ်ဖြိုး၊ အသက် ၃ နှစ်အရွယ် လွေးမေချစ်သဲနှင့်အသက် ၃၃ နှစ်အရွယ် ဦးနန်းလင်း တို့ ဗုံးစ ထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား (၂) ကောင် သေဆုံးကာ ဆိုင်ကယ် (၆)စီး၊ ကလေးမူကြို ကျောင်းအပါအဝင် နေအိမ် (၈)လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို အကြမ်း ဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ပေါင်း ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်နှင့် ပြည်သူလူထုနေအိမ် ၆ အိမ် ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်လျက်ရှိ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဏ္ဍတိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေး အတွက် ယခုထက်ပို၍ တိကျသော ဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF တိုက်တွန်း

ကဏ္ဍတိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေး အတွက် ယခုထက်ပို၍ တိကျသော ဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF တိုက်တွန်း

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၄ ကဏ္ဍတိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေး အတွက် ယခုထက်ပို၍ တိကျသော ဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF တိုက်တွန်းထားသည်။ ယနေ့ အောက်တိုဘာလ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျရောက်သော "တအာင်းအမျိုး သမီး အဖွဲ့အစည်း တည်ထောင်ခြင်း...