မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယင်းကျဆင်း ပျက်စီးခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယင်းကျဆင်း ပျက်စီးခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၄

မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယင်းကျဆင်း ပျက်စီးခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြခဲ့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ကျင်းပသည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ (ဒုတိယကော်မတီ) ၏ ဆွေးနွေးမှုအစီအစဉ်အမှတ် ၁၈၊ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက် မှု” ခေါင်းစဉ်ဖြင့် အထွေထွေ ဆွေးနွေးမှုအစီအစဉ် (General Discussion) တွင် ၎င်းက တင်ပြ ပြော ကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်က တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် မြန် မာနိုင်ငံ၌ ယခင်ရရှိထားခဲ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများမှာ သိသိသာသာ နောက် ပြန်ဆုတ်ယုတ်သွားခဲ့ရသည်ကို အောက်ပါအချက်များဖြင့် တင်ပြလိုကြောင်း ပြောဆိုထားသည်။

(၁) အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို နေရပ်စွန့်ခွာစေပြီး အခြေခံဝန်ဆောင်မှု လုပ်ငန်း များကို ပိတ်ပင်တားဆီးနေသဖြင့် ဆင်းရဲတွင်းပိုမိုနက်လာကြောင်း၊

(၂) ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများ၊ မွေးမြူရေး လုပ်ငန်း များ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လယ်ယာမြေများကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေသဖြင့် ငတ်မွတ်ခေါင်း ပါးမှုနှင့် စားနပ်ရိက္ခာ မလုံခြုံမှုမှာ ဆက်လက်မြင့်တက်နေကြောင်း၊

(၃) စာသင်ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များသည် ဗုံးခိုကျင်းများ သို့မဟုတ် ယာယီခိုလှုံရာစခန်းများတွင် ပုန်းအောင်း ပညာသင်ကြားနေရပြီး ပညာသင်ကြားမှုနှုန်းမှာ ဆက်လက်ကျဆင်းနေကြောင်း၊

(၄) အခြေခံအခွင့်အရေးများနှင့် အညီ လုပ်ဆောင်နေသည့် အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ် နယ်ပယ်နှစ်ခုလုံးတွင် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား၊ မ အခြေ ပြုအကြမ်းဖက်မှုများကို အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသဖြင့် ကျား၊ မ မညီမျှမှု မှာ ပိုမို ကြီးထွားလာနေကြောင်း၊

(၅) အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အဓမ္မစစ်သားစုဆောင်းမှုကြောင့် လူငယ်များသည် ပုန်း ရှောင်ထွက်ပြေးနေရပြီး ပြည်တွင်းလုပ်သားအင်အားနှင့် စီးပွားရေးအခွင့်အလမ်းများမှာ ဆက်လက် လျော့ပါးလာကြောင်း၊

(၆) အကြမ်းဖက်စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနေပြီး ရာဇဝတ်သားများ၊ ၎င်းတို့နှင့် ပူးပေါင်းနေသည့် နယ်ခြားစောင့်တပ်ဖွဲ့များအတွက် လုံခြုံသော ပုန်းခိုရာများ ဖန်တီးပေးနေသဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှာ ဆက်လက် ကျယ်ပြန့်လာနေကြောင်း၊

(၇) အဖွဲ့ဝင်နိုင်ငံအချို့က အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို အကူအညီပေးနေမှုသည် ပြည်သူလူထု၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေပြီး အကြမ်းဖက် မှုနှင့် မတည်ငြိမ်မှုများကိုသာ ဖန်တီးကာ ကြိုးပမ်းရရှိထားသော ဖွံ့ဖြိုးတိုးတက်မှုများကို အလုံးစုံ နောက်ပြန်ဆုတ်ယုတ်စေကြောင်း၊

(၈) “မည်သူတစ်ဉီးတစ်ယောက်မျှ မကျန်ရှိရေး” ဆိုသည့် မူဝါဒသည် နိုင်ငံရေး ကြေညာချက်များ တွင်သာရှိသော အပေါ်ယံစကားလုံးမဖြစ်သင့်ဘဲ၊ နိုင်ငံတကာအသိုက်အဝန်း၏ အချိန်မီ ထိရောက် သောလုပ်ဆောင်ချက်များ ပါဝင်ပံ့ပိုးထားသည့် လက်တွေ့ကျင့်သုံးမှု ဖြစ်သင့်ကြောင်း၊

(၉) မြန်မာနိုင်ငံနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကြီးမားလာမှုသည် ဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဆွဲချသွားမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများသည် ဒေသတစ်ခုလုံး၏ ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း အသိပေးထားသည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် အတုအ ယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပြတ်သားစွာပယ်ချရန်၊ စစ်အာဏာရှင်စနစ် အဆုံးသတ် ရေးနှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရန် ဆုံးဖြတ်ထားသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအား ထုတ်မှုများကို ထောက်ခံအားပေးသွားကြရန် အလေးအနက်တိုက်တွန်း မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၄ အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်သည်။ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီက နယူးယောက်မြို့၊...